နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ


ဇန်နဝါရီ ၂၈ ရက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာတွင် ယနေ့ မနက်ပိုင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ်ကို ပြည်သူများပါဝင်ပါက အရေးယူခံရမည်ဖြစ်ကြောင်း လော်စပီကာဖြင့် လိုက်လံအော်နေသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများမှ သိရသည်။

ပစ်ခတ်ခံရသူမှာ တံခွန်တိုင်အရှေ့စုနေ စစ်တပ်သတင်းပေး ဒလန် ကျော်မင်းသူ ဆိုသူဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆိုင်များမဖွင့်ပါက အရေးယူမည်ဖြစ်ကြောင်း လိုက်လံခြိမ်းခြောက်နေစဉ် ကျည် ၃ တောင့်ဖြင့် ပစ်ခတ်ခဲ့သည်ဟု နတ်တလင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နတ်စစ်သည် အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် Silent Strike အသံတိတ်သပိတ်ကို ပြည်သူအများပူးပေါင်းပါဝင်မည်ကို အလွန် စိုးရိမ်လျက်ရှိပြီး၊ ပူးပေါင်းပါက အရေးယူမည်ဟု စာရွက်များဝေခြင်း၊ စျေးများ Shopping စင်တာများတွင် စာများကပ်ခြင်း၊ လော်များဖြင့် လိုက်အော်ခြင်းများကို နေရာအနှံ့လုပ်ဆောင်နေခြင်းဖြစ်သည်။ 


HTY Information

နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ နတ်တလင်းတွင် အသံတိတ်သပိတ် မလုပ်ရန် လော်စပီကာဖြင့် လိုက်အော်သူ သေနတ် ၃ ချက် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.