"မနေ့က ‌အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး"


24.1.2022(MON) | 1:20 PM

မနေ့ ဇန်နဝါရီ(၂၃)ရက်၊ မနက်ပိုင်းက အရာတော်အနောက်နယ်၊ အောင်သာကုန်းကျေးရွာမှ ဖောကား(၂)စီးဖြင့် ပြန်လာသော စစ်တပ်/ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ညီနောင်မဟာမိတ်(၈)ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

ဝါးရောင်းကျေးရွာအနောက်ဘက်နားတွင် တစ်ကြိမ်၊ မိုင်းထိပြီး ကျောက်စရစ်ကန်ကျေးရွာဘက်သို့ ပြန်လာစဉ်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

အကြမ်းဖက်စစ်သားများ ထိခိုက်ကျဆုံးမှုကိုတော့ အသေးစိတ်မသိရှိရသေးပါဟု ‌ညီနောင်(၈)ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းတို့ ပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။


အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး

"မနေ့က ‌အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး" "မနေ့က ‌အောင်သာကုန်းကျေးရွာမှ အပြန် မိုင်းထိသွားသော စစ်ကောင်စီတပ်ဖွဲ့များ၏ ကားနှစ်စီး" Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.