ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

ဓာတ်ပုံ - KNLA စစ်သားတချို့ကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်။ (Photo: Salween Press) 

ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၂

ကရင်ပြည်နယ် ဘားအံခရိုင် ဝါးဘိုးတောနှင့်ကမမောင်းလမ်းပေါ်ရှိ နိုးကွာရွာအောက်ဖက်နားတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်၂ နာရီခွဲအချိန်တွင် ရိက္ခာတင်ဆောင်လာသည့်စစ်ကောင်စီကားတစ်စီးကို KNLA တပ်ရင်း ၁ တပ်ဖွဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးလုံးဝပျက်စီးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။ 

"ဒီလမ်းတွေမှာစစ်ကောင်စီဖက်ကညဖက်ဆိုအတက်အဆင်းသွားလာတာရှိတယ်။ တံတားဦးကျေးရွာဖက်တွေမှာဆို ညတိုင်းလိုလိုစစ်ကောင်စီဖက်သွားလာနေတယ်။ ကောင်းကောင်းလည်းမအိပ်ရဘူး။ KNLA ဖက်က သူတို့ကိုလာပစ်ရင် လက်နက်ကြီးရမ်းသမ်းပစ်တယ်။ တစ်ခါတစ်လေရွာထဲထိတော်ပစ်ချတာရှိတယ်" ဟု ဒေသခံတစ်ဦးကပြောပါတယ်။ 

"များသောအားဖြင့်ညဖက်ဆိုစစ်ကောင်စီဖက်လက်နက်ကြီးပစ်တယ်။ ပစ်တာလည်းတောက်လျှောက်ပစ်တာမဟုတ်ဘူး။ ကြာကြာမှတစ်လုံးပစ်တော့ အိပ်လို့လည်းမရဘူး။ သူတို့က အလင်းရောင်တွေ့ရင်လက်နက်ကြီးလှမ်းထုတယ်။ ခွေးဟောင်လည်း လက်နက်ကြီးထုတာဘဲ။ ကျန်းမာရေးမကောင်းသူတွေ လက်လုပ်လက်စားသမားတွေအတွက် လုပ်ကိုင်စားသောက်ရတာမလွယ်ဘူး။ ပိုပြီးဒုက္ခကြုံရတယ်" လို့ အမည်မဖော်လိုတဲ့ အဆိုပါဒေသခံကပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့မှာလည်း မဲလံရွာတွင်အခြေစိုက်နေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်စခန်းကို KNLA တပ်ဖွဲ့ကသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ ၇ ဦး သေဆုံးခဲ့တယ်လို့ KNLA နဲ့နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့မှာလည်း KNLA ဖက်မှသွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ 


Salween Press

ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး ဘာအံခရိုင် ဝါးဘိုးတောလမ်းမှာ စစ်ကောင်စီကားတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 00:28 Rating: 5

No comments:

Powered by Blogger.