အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ


အရာတော်၊ ဇန်နဝါရီ၂၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲမှာ စစ်ကြောင်းထွက်နေတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသခံပူးပေါင်းတပ်ဖွဲ့တွေကအခုလ ၂၃ ရက်နေ့မနက်စောစောက စောင့်ကြိုတိုက်ခိုက်စဥ်ဖမ်းမိတဲ့ ပျူစောထီးတယောက် ထွက်​ပြေးဖို့ ကြိုးစားတဲ့အတွက် သုတ်သင်ခဲ့ရတယ်လို့ ပူးပေါင်းအဖွဲ့ဆီက ​သိရပါတယ်။

အောင်သာကုန်းကျေးရွာကနေ ဖောကား ၂ စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို  ကျောက်စရစ်ကန်ရွာနဲ့ ဝါးရောင်းရွာကြားမှာ ပူးပေါင်းအဖွဲ့တွေက မိုင်း ၂ ကြိမ်ဆွဲကာ၊ တိုက်ခိုက်လို့ ပျက်သွားတဲ့ကားတစီးကို ပျူစောထီး ၂ ယောက်က နောက်ကားတစီးနဲ့ ဆွဲယူနေစဥ် ပဒေသာမိုင်းအပြင် တူမီးရှေ့ထွက်လက်နက်ကြီးနဲ့ထပ်မံတိုက်ခိုက်ခဲ့လို့ ပျူစောထီးတယောက်ကို ဒဏ်ရာတွေနဲ့ဖမ်းမိစဥ် ထွက်ပေးဖို့ကြိုးစားလို့ သုတ်သင်ခဲ့ရတယ်လို့ သိရပါတယ်။   

"အဲတပ်က အရင်ရက်တွေထဲက ဆက်တိုက် အရာတော်ကို ပတ်မွှေနေတာပါ ကား ၂ စီးမှာတော့ စစ်ခွေးလေးဆယ်ငါးဆယ်လောက်ပါမယ်ထင်ပါတယ်။ ပျူစောထီးအလောင်းကတော့ ညပိုင်းလာယူသွားတာ ဖြစ်နိုင်တယ်"လို့ Ayadaw Falcon Force ရဲ့တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီ ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာကို တိကျစွာမသိရှိရပေမယ့် ပူးပေါင်းအဖွဲ့တွေကတော့ ထိခိုက်မူမရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုစစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF (A.B.N.PDF)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့တို့မှ ဦးဆောင်ပြီး Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force (GBRF) ညီနောင် (၈) ဖွဲ့တို့က  ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ အရာတော်ပူပေါင်းအဖွဲ့ ဖမ်းမိတဲ့ပျူစောထီးတဦး ထွက်ပြေးမယ်ကြံလို့ သုတ်သင်ခံရ Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.