အဆပလအဖွဲ့က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ


မဲခေါင်၊ ဇန်နဝါရီ ၅

အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(အဆပလ) – ACPLF က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို ယနေ့၊ နံနက်အစောပိုင်းအချိန်က အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ယနေ့၌ ထုတ်ပြန်ထားသည်။

အဆိုပါအဖွဲ့က အာဏာလုစစ်ကောင်စီ၏ ထောက်ပို့ရထားများ အဓိကအသုံးပြုနေရာလမ်းကြောင်းဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ အမှတ်၂လမ်းနှင့်အပြိုင် ကျန်စစ်သားလမ်းအနီးရှိ ရထားသံလမ်းချောင်းတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဆက်တိုက်ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သညါ။

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံအနှံ့ရှိ ပြည်သူများကို သတ်ဖြတ်ညှင်းဆဲနေသော ၎င်း၏ တပ်ဖွဲ့ဝင်များအတွက် လက်နက်၊ ရိက္ခာနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ထောက်ပို့ရထားများ အသုံးပြု၍ ဖြည့်တင်းနေသည့်အတွက် ရန်သူ့ထောက်ပို့လမ်းကြောင်းကို ‌ဖြတ်တောက်ရန် ရည်ရွယ်ဖောက်ခွဲခြင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းဖောက်ခွဲမှုကြောင့် မီးရထားသံလမ်းချောင်းကူးတံတားသည် စစ်ကောင်စီ၏ ဝန်တင်ထောက်ပို့ရထားများ အသုံးပြုနိုင်ခြင်း မရှိတော့လောက်အောင် ပျက်စီးသွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။


MeKong News - မဲခေါင်သတင်း

အဆပလအဖွဲ့က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ အဆပလအဖွဲ့က မြောက်ဒဂုံရှိ ရထားသံလမ်းချောင်းကူးတံတားကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.