စစ်ကောင်စီရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘီးလင်းမြို့နယ်ကျသောင်းဆိပ်ရွာသားတစ်ဦးလက်နက်ကြီးကျည်စထိမှန်

ဓာတ်ပုံ - KNLA တပ်မဟာ ၁ စစ်သားတွေကိုတွေ့ရစဉ်။ (Photo: Supplied) 

ဇန်နဝါရီလ ၆ ရက်နေ့၊ ၂၀၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်တပ်စခန်းမှာ တပ်စွဲထားသည့်စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ က ယနေ့မိုးလွှဲ ၃ နာရီကျော်အချိန်မှာ KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့က ရွာထဲကိုရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ဒီနေ့ညနေ ၅း၃၀ အချိန်မှာလည်း ကျသောင်းဆိပ်ဘုန်းကြီးကျောင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးအရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဆိုပါဒေသခံကပြောပါတယ်။ အဲ့ဒီလိုပစ်ခတ်ခဲ့လို့ ကျသောင်းဆိပ်ရွာသားတစ်ဦးဖြစ်တဲ့ ဦးမောင်လီးဖြူရဲ့လက်နဲ့ ဆီးအိမ်ထိမှန်ပြီး လူနာကိုနီးစပ်ရာဆေးရုံကို ကျသောင်းဆိပ်ရွာသားတချို့က ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ပါတယ်။ 

ကျသောင်းဆိပ်ရွာသားတချို့ကလည်း ရွာမှာမနေရဲကြတော့ပဲ ပျဉ်းမပင်ဆိပ်ရွာဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံကပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့က ရိက္ခာမလုံလောက်လို့ ရွာသားများထံမှ ဆန်တွေတောင်းယူတာလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ တချို့အိမ်တွေလည်း အိမ်စောင့်တစ်ဦးသာကျန်ရစ်ပြီး ကျန်တဲ့မိသားစုဝင်တွေက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ KNLA တပ်မဟာ ၁ တပ်ဖွဲ့တွေ အခြေချလှုပ်ရှားသည့်နေမြေဖြစ်ပါတယ်။ 


Salween Press

စစ်ကောင်စီရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘီးလင်းမြို့နယ်ကျသောင်းဆိပ်ရွာသားတစ်ဦးလက်နက်ကြီးကျည်စထိမှန် စစ်ကောင်စီရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘီးလင်းမြို့နယ်ကျသောင်းဆိပ်ရွာသားတစ်ဦးလက်နက်ကြီးကျည်စထိမှန် Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.