တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်၊နေအိမ်၆လုံးပျက်စီးဆုံးရှုံး


ဇန်နဝါရီ၁၆ မုံရွာ

စစ်ကိုင်းတိုင်း၊ကသာမြိ့နယ် မိုးတာကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ဇန်နဝါရီ၁၃ရက်နေ့ နေ့လည်၁နာရီဝန်းကျင်ခန့်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မိုးတားကြီးကျေးရွာကိူ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ 

ဒါအပြင် ဇန်နဝါရီ၁၄ရက်နေ့ ည၈နာရီဝန်းကျင်ခန့်ကလည်း ဂျက်ဖိုက်တာ ၃စီးဖြင့် ဝေဟင်ကနေ ဗုံးကြဲပစ်ခတ်မှုကြောင့် နေအိမ်၆လုံးမီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများက မုံရွာချင်းတွင်းဂိုးမသတင်းဌာနသို့ပြောသည်။ 

"ဇန်နဝါရီ၁၃ရက်နေ့နေ့လည်၁နာရီတုန်းက တစ်ကြိမ်၊ဇန်နဝါရီ၁၄ရက်နေ့ ည၈နာရီတုန်းက ဂျက်ဖိုက်တာ၃စီးနဲ့ ဒုတိယတစ်ကြိမ်၊စုစုပေါင်း၂ကြိမ်ပစ်ခတ်သွားတာ၊တိုက်ပွဲလည်းမရှိဘဲ ဒီတိုင်းကြီးလာပစ်သွားတာ၊ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ်၆လုံးမီးလောင်ဆုံးရှုံးသွားတယ်"ဟု ဒေသခံကပြောသည်။ 

စစ်တပ်ကဝေဟင်ကနေပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးကာ ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊အမျိုးသား၆ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ဘာမှမရှိပဲနဲ့ အခုလိုလာရောက်ပစ်ခတ်ကြောင်း၊ပစ်ခတ်မှုတွင် မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးရှိသေးကြောင်း သိရှိရပါတယ်။






Chindwin Yoma Media

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်၊နေအိမ်၆လုံးပျက်စီးဆုံးရှုံး တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မိုးတားကြီးကျေးရွာကို ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်၊နေအိမ်၆လုံးပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.