စစ်ကိုင်းမြို နယ် ရဲတပ်ဖွဲ့မှူးမှ ဆိုင်ကယ် နှစ်ယောက်ပိုးစီးသူများကိုဖမ်းဆီး


ဇန်နဝါရီ ၉၊  SGG

စစ်ကိုင်းမြို့မှာ ဆိုင်ကယ်နှစ်ယောက်ပိုးစီးနင်းတဲ့အတွက် စစ်ကောင်စီအဖွဲ့မှ ယနေ့ ဇန်နဝါရီလ ၉ရက်‌နေ့မှာ ဖမ်းဆီးမှုအချို့ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် ညောင်ကုန်းကျေးရွာမှ လူငယ်တဦးနှင့် သလွန်ဖြူကျေးရွာမှ လူငယ်တဦး နေ့လည် ၁၁ နာရီအချိန်ခန့်က  ဆွမ်းချက်ရပ်ကွက်နာရေးတခုမှပြန်လာစဉ် စစ်ကိုင်းမြို့ အသင်္ခယာ‌စောယွန်းအဝိုင်းပတ်မှာ ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာတဲ့အတွက် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး စစ်ကိုင်း အမှတ်( ၁)ရဲစခန်းကို ခေါ်ဆောင်ထိန်းသိမ်းခံခဲရတယ်လို့သိရပါတယ်။

စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခံခဲ့ရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး ပိုက်ဆံ(၅) သိန်းနဲ့ ရွေးခိုင်းခဲ့တဲ့အတွက် မိသားစုက ပိုက်ဆံပေးရွေးခဲ့ရတယ်လို့သိရပါတယ်။

ယနေအဖမ်းခံရသူဆိုင်ကယ် ၃ စီး လူ ၆ဦးခဲ့ရှိပြီး ၅ ဦးကိုစစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အိမ်ကိုဆက်သွယ်ပြီး တဦးလျှင် ပိုက်ဆံ ၅ သိန်း နဲ့ ရွေးခိုင်းခဲ့တဲ့အတွက်မိသားစု‌ဝင်တွေက ရွေးခဲ့ရတယ်လို့သိရပြီး ကျန် ၁ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းမြို နယ် ရဲတပ်ဖွဲ့မှူးမှ ဆိုင်ကယ် နှစ်ယောက်ပိုးစီးသူများကိုဖမ်းဆီး စစ်ကိုင်းမြို နယ် ရဲတပ်ဖွဲ့မှူးမှ ဆိုင်ကယ် နှစ်ယောက်ပိုးစီးသူများကိုဖမ်းဆီး Reviewed by THITHTOOLWIN on 00:53 Rating: 5

No comments:

Powered by Blogger.