ရွှေပြည်သာတွင် ဆိုင်ကယ်စစ်ဆေးမှုအတွင်း ရပ်မပေးသည့် ဆိုင်ကယ်ကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး


ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းက ဆိုင်ကယ် မရပ်ပေး၍ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံရဲက ပစ်ခတ်သဖြင့် အရပ်သား (၁) ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ ရွှေပြည်သာကွေ့အနီး အာဏာသိမ်းစစ်ကောင်စီ၏ ခလရ (၇၇) စစ်တပ်ရှေ့၌ ဆိုင်ကယ်ဖမ်းဆီးနေစဉ် ဆိုင်ကယ်ရပ်မပေးသဖြင့် ရဲတစ်‌ယောက်က သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ ဆိုင်ကယ်စီးလာသူမှာ  ကျည်ထိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဆိုသည်။

ရွှေပြည်သာမြို့နယ်တွင် နေ့စဉ်နီးပါး အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့်ရဲက ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။


Tachileik News Agency 

ရွှေပြည်သာတွင် ဆိုင်ကယ်စစ်ဆေးမှုအတွင်း ရပ်မပေးသည့် ဆိုင်ကယ်ကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး ရွှေပြည်သာတွင် ဆိုင်ကယ်စစ်ဆေးမှုအတွင်း ရပ်မပေးသည့် ဆိုင်ကယ်ကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.