အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်


ဇန်နဝါရီ ၂၅ ရက်

စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အသံတိတ်လျှင်သော်လည်းကောင်း၊ အသံထွက်လျှင်သော်လည်းကောင်း နိုင်ငံတော်ပုန်ကန်မှုဥပဒေအပါ အဝင် အခြားပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆို ဆောင် ရွက်မည်ဖြစ်ကြောင်း  ၎င်းတို့ထိန်းချုပ်ထားသည့်မီဒီယာများကတဆင့် ယနေ့တွင် ခြိမ်းခြောက်ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါနေ့တွင် အသံမထွက်တိတ်ဆိတ်ခြင်းသပိတ်ပြု လုပ်သူများကိုအရေးယူမည်ဖြစ်သလိုအသံထွက်၍ လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းများပြုလုပ်သူများကိုလည်း အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ကြေငြာထားသည်။

ယင်းကဲ့သို့  ပါဝင်ပြုလုပ်သူများ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ နိုင်ငံတော်ပုန်ကန်မှုဥပဒေ ၁၂၄(က)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂ (က)နှင့် အီလက်ထရောနစ်ဥပဒေ ၃၃(က)စသည့် ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲသွားမည်ဖြစ်ကြောင်း ၄င်းတို့လက်အောက်ခံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒီကနေ့ နေ့လယ်ပိုင်းတွင် ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။

''စစ်ကောင်စီက ကျနော်တို့ရဲ့ လူထုကြီးညီညွတ်သွားမှာကို အရမ်းကိုစိတ်ပူနေတဲ့သဘောမျိုးဖြစ်နေလို့ ကျနော်တို့ ပြည်သူလူက တညီညွတ်နဲ့ပြသမယ့်ဟာကို ကြောက် ရွံ့နေတဲ့သဘောမျိုးမလို့ ဒါမျိုးတွေခြိမ်းခြောက်နေတာ'' ဟု ရန်ကုန်မြို့တွင်း တော်လှန်ရေးသမားတစ်ဦးက သုံး သပ်ပြောဆိုသည်။

ထို့ပြင် အဆိုပါနေ့တွင် ဖွင့်လှစ်ခြင်းမရှိသည့် စျေးဆိုင်၊စားသောက်ဆိုင်များအားလုံးကိုလည်း အရေး ယူဆောင်ရွက်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

 စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုအနေဖြင့် တိတ် ဆိတ်ခြင်း သပိတ် ၂ ကြိမ်ပြုလုပ်ခဲ့ပြီး မတ်လ ၂၄ရက်နေ့တွင်တကြိမ်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့တွင်လည်း ပြည်သူအားလုံးပါဝင်ကာ တညီတညွတ်ထဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိတ်ဆိတ်ခြင်းသပိတ်များတွင် မြန်မာနိုင်ငံဒေသအသီးသီး ပြည်သူလူထုများက စျေးဆိုင်များ ပိတ်ခြင်း၊ လမ်းများသို့မထွက်ဘဲ တိတ်ဆိတ်စွာနေအိမ် အ တွင်း၌ပင်နေထိုင်ခြင်းစသည့်လှုပ်ရှားမှုပုံစံများဖြင့် သ ပိတ်တွင်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ယခုကျရောက်မည့် စစ်အာဏာသိမ်းနှစ်ပတ်လည် နေ့တွင်လည်း တော်လှန်ရေးအင်အားစုများမှ ပြည်သူလူထုတရပ်လုံးပူးပေါင်းပါဝင်နိုင်ရေး ကမ်ပိန်း များပြုလုပ်နေချိန်တွင် စစ်ကောင်စီဘက်မှ ယင်း ကဲ့သို့ခြိမ်းခြောက်ထုတ်ပြန်လာခြင်းဖြစ်သည်။


Ayeyarwaddy Times 

အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက် အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် အသံတိတ်တိတ်၊ အသံ ထွက်ထွက် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက် Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.