တန့်ဆည် ကံထူးမရွာ၌ စကစများ မိုင်းဆွဲခံရ၊ ရမ်းကားပစ်ခတ် ရန်ပြုနေ၊

ကံထူးမရွာလယ်အဝိုင်းပတ် (ပုံဟောင်း)/ Photo – CJ

ဇန်နဝါရီ - ၂၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာအတွင်း လှည့်ပတ်သွားလာနေသော စကစများကို ယနေ့ ညနေပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက် အခြေအနေကို မသိရသေးကြောင်း တန်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၂၄)ရက် ညနေ(၃)နာရီကျော်အချိန်က စကစ (၁၅)ဦးခန့် လိုက်ထရပ်ကားဖြင့် ကံထူးမရွာအတွင်း လှည့်ပတ် သွားလာနေချိန် မိုင်းဆွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကံထူးမစံပြကျေးရွာ ရဲစခန်းမှ လိုက်ထရပ်ကားဖြင့် ထွက်လာသော  ရဲခွေးနှင့် စစ်ခွေး (၁၅)ကောင်ခန့်ကို  တန်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ မိုင်းခွဲ တိုက်ခိုက်ခဲ့ပါသည်။ မိုင်းခွဲခံရသည့်နေရာတွင် စစ်ခွေးရဲခွေးများမှ ရမ်းသမ်းပစ်ပြီး စခန်းထဲသို့ ကားအမြန် မောင်းဝင်သွားပါသည်။ စခန်းထဲမှ သေနတ်များဖြင့်  ရမ်းသမ်း ပစ်ခတ်နေပါသည်။ အထိအခိုက် အကျအရှုံး မသိရသေးပါ။ ကားနောက်ပိုင်းထိပြီး မီးခိုးလုံးသွားသည်” ဟု တန့်ဆည် ပကဖ က ဖော်ပြသည်။

မိုင်းနှစ်လုံး ပေါက်ကွဲပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်နေသဖြင့် ကံထူးမမြို့ပေါ် သွားလာခြင်းမှ ရှောင်ကြဉ် ကြပါရန် ဒေသတွင်း သတင်းများဖော်ပြနေသော ကံထူးမ ပလက်ဖောင်း ကလည်း အသိပေး တိုက်တွန်းထားသည်။

ကံထူးမနှင့် တန့်ဆည်မြို့ပေါ်ရှိ စကစများသည် လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ၄င်းတို့ တိုက်ခိုက်ခံရချိန်တွင် မြင်တွေ့ရာလူကို ရမ်းကားပစ်ခတ် သတ်ဖြတ်ခြင်းနှင့် တန့်ဆည်နယ်အတွင်း ကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ လုယက်မွှေနှောက် သောင်းကျန်းခြင်းများ လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

တန့်ဆည် ကံထူးမရွာ၌ စကစများ မိုင်းဆွဲခံရ၊ ရမ်းကားပစ်ခတ် ရန်ပြုနေ၊ တန့်ဆည်  ကံထူးမရွာ၌ စကစများ မိုင်းဆွဲခံရ၊ ရမ်းကားပစ်ခတ် ရန်ပြုနေ၊ Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.