ဒီးမော့ဆိုကို လက်နက်ကြီးလှမ်းထုနေ၊ စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရ

Video - CJ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့ရှိ ကျေးရွာဖက်ကို စစ်ကောင်စီတပ်မှ ဒီကနေ့(ဇန်နဝါရီလ ၉ရက်) ည ၉နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ ကျေးရွာဖက်ကို လက်နက်ကြီးတွေကျတာ စစ်ရှောင်တွေအများစုရှိတဲ့နေရာမှာ ဖြစ်တယ်။ ခု ထပ်ဆင့် စစ်ရှောင်ရတော့မယ် အိမ်နားလေးတင် လက်နက်ကြီးတွေက ကျနေတာ အိမ်တောင်တုန်တယ်။” လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျရောက်နေတာဖြစ်တဲ့အတွက် စိုးရိမ်ထိတ်လန့်တဲ့စစ်ရှောင်ပြည်သူတွေသာမက ကျေးရွာဒေသခံတွေပါ ထပ်မံတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ လက်နက်ကြီးကျည် ထိမှန်တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေတယ်လို့ ကနဦး သိရပါတယ်။



Kantarawaddy Times 

ဒီးမော့ဆိုကို လက်နက်ကြီးလှမ်းထုနေ၊ စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရ ဒီးမော့ဆိုကို လက်နက်ကြီးလှမ်းထုနေ၊ စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 01:12 Rating: 5

No comments:

Powered by Blogger.