ဒီပဲယင်းနယ် ဝပါ သပြေသာရွာကို စကစများ စီးနင်းဝင်ရောက် မီးရှို့၊ ဒေသခံများ ထွက်ပြေးနေရ

ဒီပဲယင်းမြို့နယ် ဝပါ သပြေသာကျေးရွာတွင် စကစများ အကြမ်းဖက် ဖျက်ဆီး မီးရှို့နေသည်ကို တွေ့ရစဉ်/ Photo – CJ

MFP ၊ ဇန်နဝါရီ - ၃၀

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဝပါ သပြေသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းတွင် စကစများ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး သောင်းကျန်းနေသဖြင့် ရွာသူရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဒီပဲယင်းမြို့နယ် ရဲစခန်းမှ ထွက်လာသော အင်အား (၇၀)ခန့်ရှိ စစ်အုပ်စုသည် ယနေ့ ဇန်နဝါရီ(၃၀)ရက် နေ့လည်(၁၂)နာရီကျော်အချိန်တွင် စပါ သပြေသာကျေးရွာသို့ အကြမ်းဖက် စီးနင်းကာ မွှေနှောက်သောင်းကျန်း မီးရှို့နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီပဲယင်း ခွေးခြံမှ စခများ ဝပါ ရွာထဲသို့ သေနတ်များ ဘောက်လိုက်ဆွဲပြီး ဝင်နေပါတယ်။ ဒီပဲယင်း အ ထ က  ထဲမှလည်း လက်နက်ကြီးဖြင့်  လေးချက် အနောက်သို့ ရမ်းသမ်းပစ်နေ။ နီးစပ်ရာ ပြည်သူများ ဘေးလွတ်ရာ အမြန်ရှောင်ပေးကြပါ” ဟု ဒေသတွင်း တော်လှန်ရေး အင်အားစုဖြစ်သော Free Rangers  Depeyin က ယနေ့ နေ့လယ်(၁၂)နာရီတွင် ဖော်ပြသည်။

ဝပါ သပြေသာ ကျေးရွာအတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးမှုကြောင့် လက်ရှိအချိန်ထိ မီးခိုးလုံးများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း၊ မီးငြှိမ်းသတ်မည့်သူ မရှိသဖြင့် ထပ်မံကူးစက် လောင်ကျွမ်းမည်ကို စိုးရိမ်ရပြီး လတ်တလောတွင် နေအိမ်မည်မျှ မီးလောင်ပြီး မည်သူ့အိမ်များ ဖျက်ဆီးခံရသည်ကို မသိရသေးဟု ဒီပဲယင်းအသံ - VOT ကလည်း ဖော်ပြသည်။

“ဝပါ သပြေသာ ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်ခွေးများသည် သပြေသာကျေးရွာ အနီးဝန်းကျင်မှာ ရှိနေသေးသည်ဟု သိရသည်။ ဝပါ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အနီးဝန်းကျင်မှာလည်း အကြမ်းဖက် စစ်ခွေးများ ရှိနေသည်။ အကြမ်းဖက်းစ်ခွေး ( ၂၀ )လောက် ကွက်သစ်  သင်္ချိုင်းကုန်း အနီး ပြန်ရောက်ဝင်လာသည်ဟု သိရသည်။ ခန့်မှန်း ဝပါမြောက်ဘက် ၊ သပြေသာ တောင်ပိုင်း ၊ ကျေးရွာအတွင်းမှ အိမ်များ ယခုအချိန်ထိ မီးခိုးလုံးများ မြင်တွေ့နေရသည်။ ကျေးရွာဒေသခံများ လက်ရှိနေရာမှာပဲ ဆက်လက် တိမ်းရှောင်နေကြပါ။ လုံးဝ စိတ်မချရသည့် အနေအထား ဖြစ်နေသာကြောင့် ရွာခြေ ပြန်မကပ်သေးပါနဲ့” ဟု ဒီပဲယင်းအသံ - VOT က ဆိုသည်။

စစ်အုပ်စုသည် ယခုရက်ပိုင်းအတွင်း ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက် စသည့် ရွှေဘိုခရိုင်အတွင်းရှိ မြိုကနယ်၊ ကျေးရွာများသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများ ပိုမိုလုပ်ဆောင်နေသည်။

Mandalay Free Press - MFP

ဒီပဲယင်းနယ် ဝပါ သပြေသာရွာကို စကစများ စီးနင်းဝင်ရောက် မီးရှို့၊ ဒေသခံများ ထွက်ပြေးနေရ ဒီပဲယင်းနယ် ဝပါ သပြေသာရွာကို စကစများ စီးနင်းဝင်ရောက် မီးရှို့၊ ဒေသခံများ ထွက်ပြေးနေရ Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.