စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မလုပ်ကြဖို့လည်း ထုတ်ပြန်


ဇန်နဝါရီ ၆ ရက်

ချင်းပြည်နယ် ဖလမ်းမြို့ကနေ ဝေဘူလမြို့သို့ စစ်ကြောင်းထိုးလာတ​ဲ့ စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

CNDF, ဇိုမီး PDF, RKDF၊ ပကဖ (ကလေး)နဲ့ ကလေးမြို့နယ် PDF တို့က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီး စစ်တပ်ဘက်က ကလေးနည်းပညာတက္ကသိုလ်ကနေ အဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ကလေး PDF က ဒီနေ့လယ် ၂ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရေးအခြေအနေအရ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မလုပ်ကြဖို့လည်း ထုတ်ပြန်ချက်ထဲ သတိပေးထားပါတယ်။


Shwe Phee Myay News Agency 

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မလုပ်ကြဖို့လည်း ထုတ်ပြန် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ မကွေးတိုင်း ဂန့်ဂေါ လမ်းပိုင်းကို အသွားအလာ မလုပ်ကြဖို့လည်း ထုတ်ပြန် Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.