ရေဦးနှင့် ဒီပဲယင်းနယ်အစပ် မစိုးရိမ်ရွာအထွက်တွင် စစ်ကောင်စီမိုင်းဆွဲခံရပြီး ငါးဦးသေ

ဓာတ်ပုံ၊ Google Maps 

ဇန်နဝါရီ - ၁၅ 

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ကြားရှိ မစိုးရိမ်ရွာကို စစ်ကောင်စီ အင်အား (၆၀) ခန့်ဖြင့် ဝင်ရောက်စီးနင်းသောင်းကြမ်းပြီး ရွာအထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ ငါးဦးသေဆုံးကာ နှစ်ဦး ခြေထောက်ပြတ်သွားကြောင်း ဒီပဲယင်းမြို့နယ် အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဂဠုန်တပ်တော်က ပြောသည်။ 

ယနေ့ ဇန်နဝါရီ (၁၅) ရက် နေ့လယ်ပိုင်းက စစ်ကောင်စီအင်အား (၆၀) ခန့်ဖြင့် ကျေးရွာများအား လှည့်လည် သောင်းကြမ်းပြီး မစိုးရိမ်ရွာမှ အထွက်တွင် ယခုကဲ့ မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ 

" လက်ရှိရောက်နေတာကြောင့် ရွာနီးစပ်ချုပ်တို့ ပုန်းရှောင်နေရ။ လက်ရှိအခြေအနေပါ။ မစိုးရိမ်ရွာ အထွက် စစ်ခွေးများကို မိုင်းဆွဲတာ မျက်မြင်သတင်းပေးအရ ခွေးသေတာ ငါးကောင်နဲ့ ခြေပြတ်က နှစ်ကောင် လို့သိရပါပြီ " ဟု ဂဠုန်တပ်တော် ရဲဘော်တစ်ဦးက MFP သို့ ပြောသည်။ 

ယမန်နေ့ ဇန်နဝါရီ (၁၄) ရက်ကလည်း ဒီပဲယင်းနယ်ရှိ ယဉ်ကျေးရွာရှိ တောရဘုန်းကြီးကျောင်းဝင်းအတွင်း ရပ်ရွာကာကွယ်ရေးတက်ဖွဲ့များကို ဒလန်သတင်းပေးမှုကြောင့် 

ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသလို ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီး သွားသည်ဟု ဆိုသည်။ 

ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိသော်လည်း ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်မှုကြောင့် ကျောင်းခေါင်မိုးသွပ်များ ပျက်စီးသွားသည်ကို ဒေသခံများရိုက်ထားသော ဓာတ်ပုံများတွင် တွေ့မြင်ရသလို ဆိုင်ကယ်များ မီးရှို့ဖျက်ဆီးသွားသည်ကိုလည်း မြင်တွေ့ရသည်။ 

" မနေ့က ယဉ်ကျေးရွာကို ရဟတ်ယာဉ်သုံးစီးဝဲပီး တစီးကလူအင်အားနှစ်ဆယ်ခန့် ချသွားခဲ့ပါတယ်။ ယဉ်ကျေးရွာ တောရကျောင်းဝင်းအတွင်း ရွာလူငယ်များရဲ့ စုစည်းနေရာကို သတင်းပေးကြောင့် ပေါက်ကြားသွားတာပါ။ ညနေ (၄) နာရီမှာ ရဟတ်ယာဉ်နဲ့ပဲ ပြန်ခေါ်သွားကြပါတယ် " ဟု အဆိုပါ ရဲဘော်က ပြောသည်။ 

စစ်ကောင်စီတပ်သည် ဒီပဲယင်း၊ ရေဦးနှင့် ခင်ဦးမြို့နယ်များကို ယမန်နေ့က လေကြောင်းနှင့် မြေပြင်ကနေပါ ကျေးရွာများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်။  


Mandalay Free Press - MFP

ရေဦးနှင့် ဒီပဲယင်းနယ်အစပ် မစိုးရိမ်ရွာအထွက်တွင် စစ်ကောင်စီမိုင်းဆွဲခံရပြီး ငါးဦးသေ ရေဦးနှင့် ဒီပဲယင်းနယ်အစပ် မစိုးရိမ်ရွာအထွက်တွင် စစ်ကောင်စီမိုင်းဆွဲခံရပြီး ငါးဦးသေ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.