ခင်ဦးတောင်နယ် အရေးပေါ်အခြေနေသို့ရောက်ရှိနေပြီး စကစတပ်က နီးစပ်ရာရွာကို တပ်စွဲဖို့ပြင်နေ/ ရွာသန့်ရွာက ဒလန် ၃ ဦးအား ရှင်းလင်း


ဇေယျာတိုင်း၊ ဇန်နဝါရီ ၂၀

ဇန်နဝါရီ ၁၉ ရက် မနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသန်း လက်ပန်လှ ပေါက်တုံ ဝန်းကြီးစတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူများထွက်ပြေးနေရကာ အပြစ်မဲ့ပြည်သူတစ်ဦး အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။

ဖြစ်စဥ်နဲ့ပက်သက်နေတဲ့ ရွာသန့်ရွာက ဒလန် ၃ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ယမန်နေ့ညမှာပဲ ချက်ချင်းရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဇေယျာတိုင်း ကိုပြောပါတယ်။

မနက်ပိုင်းက ဆန် ဆီ ဆားအပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာသန့်ရွာဘုန်းကြီးကျောင်း

ကို တပ်စွဲဖို့ပြင်ဆင်ခဲ့ကြပြီး အဲ့ဒီရွာဘုန်းတော်ကြီးက လက်မခံခဲ့​ကြောင်းသိရှိရပါတယ် ။ ဒလန် ၃ ဦးသတ်ခံရတာကြောင့် စကစတပ်တွေ ဝင်ရောက်မွှေနောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေရှိလာနိုင်တာကြောင့်  ဒေသခံပြည်သူများ ဘေးလွတ်ရာကို ဒီကနေ့မနက်အစောပိုင်းကပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။


Zayar Times - ဇေယျာတိုင်း

ခင်ဦးတောင်နယ် အရေးပေါ်အခြေနေသို့ရောက်ရှိနေပြီး စကစတပ်က နီးစပ်ရာရွာကို တပ်စွဲဖို့ပြင်နေ/ ရွာသန့်ရွာက ဒလန် ၃ ဦးအား ရှင်းလင်း ခင်ဦးတောင်နယ် အရေးပေါ်အခြေနေသို့ရောက်ရှိနေပြီး စကစတပ်က နီးစပ်ရာရွာကို တပ်စွဲဖို့ပြင်နေ/ ရွာသန့်ရွာက ဒလန် ၃ ဦးအား ရှင်းလင်း Reviewed by THITHTOOLWIN on 20:40 Rating: 5

No comments:

Powered by Blogger.