လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း လူသေလောင်း ၁၁ လောင်းအထိ တွေ့ရှိနေ

ဓာတ်ပုံ - CJ

လွိုင်ကော်မြို့နယ်မှာ ဇန်နဝါရီလ ( ၁၄ရက်နေ့ကနေ ၂၁ရက်နေ့အထိ) လက်နက်ကျည်ထိမှန်ပြီး သေဆုံးသူတွေရဲ့ အလောင်း ၁၁ လောင်းအထိရှိတွေ့ရှိရတယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ 

“ လောလောဆယ်အနေအထားကတော့ မြေမြုပ်တာ ၁၀ယောက်လောက်ရှိပြီ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော။ အဲ့ဒီမျိုးလေးတွေ သေဆုံးတာလေးတွေ ရှိတော့ ရှိနေတာပေါ့။ ကျနော်တို့ မြေမြုပ်ပေးတယ်။ “ လို့ လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောပါတယ်။ 

သေဆုံးသူတွေမှာ လက်နက်ကြီးထိမှန်ပြီးသေဆုံးတာတွေ သေနတ်ဒဏ်ရာနဲ့ သေဆုံးတာတွေဖြစ်ပြီး မည်သည့်အချိန်က သေဆုံးသွားတာကိုတော့ တိတိကျကျမသိရပါဘူး။ 


တွေ့ရှိခဲ့တဲ့ အလောင်းတွေကို လူမှုကူညီရေး အသင်းအဖွဲ့ကနေပြီး မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်။ 

ကရင်နီပြည်နယ်မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း ကန္တာရဝတီတိုင်းမ်က လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းအရ အရပ်သားသေဆုံးသူ ၂၄ဦးရှိနေပြီဖြစ်ပါတယ်။ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီက ရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်တာတွေကြောင့် လူသေဆုံးမှု၊ နေအိမ်ပျက်စီးမှုရှိတဲ့အပြင်  လေကြောင်းအသုံးပြုပြီးတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။


Kantarawaddy Times 

လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း လူသေလောင်း ၁၁ လောင်းအထိ တွေ့ရှိနေ လွိုင်ကော်မြို့ပေါ်ရပ်ကွက်အတွင်း လူသေလောင်း ၁၁ လောင်းအထိ တွေ့ရှိနေ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.