ရေဦးမြို့နယ် ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရ


ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရဲမာန်ကျေးရွာအရှေ့ဘက်ရှိ ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ပါ ခမရ (၃၆၈)တပ်အား ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၁ ရက် နံနက် ၉ နာရီခန့်က ရှော့ဂန်း (shotgun)သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ရာစစ်ကောင်စီဘက်မှ  ၁၀ ဦး သေဆုံးကာ  ၃၀ ခန့် ဒဏ်ရာရရှိကြောင်း သိရသည်။

ထိုဒဏ်ရာရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ငှက်ကျဘုန်းကြီးကျောင်းအတွင်း ဆေးကုသမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများထံက PDF Channel ကိုပြောထားသည်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့လည် ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်များကို ဝေဟင်စွန်ရဲ ဒေသခံကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးသွားကြောင်းသွားတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲ မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ အနည်းနဲ့ အများ ကျဆုံးလျက်ရှိပေသည် ။


Zayar Times - ဇေယျာတိုင်း

ရေဦးမြို့နယ် ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရ ရေဦးမြို့နယ် ငှက်ကျဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရ Reviewed by THITHTOOLWIN on 01:29 Rating: 5

No comments:

Powered by Blogger.