ဖားကန့်တွင် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ


ဖားကန့်- ဇန်နဝါ ၁၆၊ ၂၀၂၂။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆောင်းချိန်ကျေးရွာ ထွယ်ဆန်ယန်ချောင်းတံတားအနီး ယမန်နေ့ နံနက်ပိုင်းက သတ်ဖြတ်ခံထားရသည့် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်နောက်ပြန်ကြိုးတုတ်ခံထားရပြီး ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ကြိုးတုတ်ပြီး ရိုက်သတ်ပြီးတော့ ပစ်ထားတာ မနက်မှတွေ့တာပေါ့၊ စစ်ကောင်စီလက်အောက်မှာ လုပ်နေလို့ ပစ်ခံရတာ။ မကြာသေးဘူး သူ့ကိုလည်း warning (သတိပေး) ပေးထားပြီဟုတ်တယ်။ သူက ကချင်မိန်းမယူထားတာ” ဟု သူကပြောသည်။

သတ်ဖြတ်ခံရသူမှာ မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၅၀ အရွယ် ဦးထွန်းမြင့်အောင် ဖြစ်ကြောင်း သူကပြောသည်။

အလားတူ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်အနီးတွင် ယမန်နေ့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတန်ဘောင်လဆိုင်း သေနတ်ဖြင့် ပစ်သတ်ခံရသောကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံအပြားတွင် ဒေသအခေါ် ဒလန်ဆိုသည့် စစ်ကောင်စီသတင်းပေးများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မကြာခဏ သတ်ဖြတ်ခံနေရသည်။


The 74 Media 

ဖားကန့်တွင် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ ဖားကန့်တွင် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 22:54 Rating: 5

No comments:

Powered by Blogger.