စစ်​ကောင်စီဖွင့်​သော​ဖောင်ကြီးဗဟိုသင်တန်းတက္ကသိုလ်တွင်သင်တန်းသား ၁၀၀ ​ကျော်ကိုဗစ်ဖြစ်

သတင်းမ​ပေါက်ကြားရန်သတိ​ပေးထားပြီး ၊ ယခင်ရပ်နားထား​သေ ာစစ်သင်တန်းပြန်​ပေး​နေ

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်နေသည့် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းတစ်ခုတွင် သင်တန်းစပြီးတစ်လခန့်အကြာ၌ သင်တန်တက်နေသည့် Non CDM  ဝန်ထမ်း ၁၀၀​ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအစုလိုက် အပြုံလိုက်ကူးစက်ခံနေရ​ကြောင်းကာယကံရှင်ဝန်ထမ်းများကပြောသည်။

"ဝန်ထမ်း၁၀၀ ကျော် ပိုးတွေ့တယ်။ ယခင်က ကိုဗစ်လူနာတွေထားတဲ့အဆောင်မှာ ထားတယ်။ နေရတာ အဆင်မပြေဘူး။ ဘာတွေ လုပ်နေမှန်းလည်း မသိဘူး"ဟု ဦးစီးအရာရှိသင်တန်းတက်နေသူ ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကို အကြမ်းဖက်စစ်ကောင်စီက  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  နှစ်လမှ ငါးလအထိကြာမည့် သင်တန်းများ ပေးနေခြင်းဖြစ်သည်။စုစုပေါင်း သင်တန်းသား ၂၀၀ ကျော်ရှိပြီး တစ်ရာကျော်တွင် ကိုဗစ်ရောဂါဖြစ်ပွား​နေသည်ဟု ကျန်းမာရေးဌာနမှ  ဝန်ထမ်းတစ်ဦးကပြောသည်။

"သင်တန်းစတက်ကာစကတော့ ကိုဗစ်ကင်းစင်ဖောင်ကြီးတစ်ခွင်ပေါ့။ နောက်ပိုင်း ဦးစီးအရာရှိတွေ ဝင်လာပြီးစည်းမဲ့ကမ်းမဲ့နေကြတာ။ အခု ကျွန်မတို့လည်း ကူးစက်ခံနေရတယ်။ တိုက်ပိတ်ခံရသလိုပဲ"ဟု အထက်ပါ ဝန်ထမ်းကပြောသည်။

ဒီချုပ်အစိုးရလက်ထက်က ရပ်နားခဲ့သည့် အခြေခံစစ်သင်တန်းကိုပါ ယခုနှစ်ဖောင်ကြီးသင်တန်းတွင် စစ်ကောင်စီက ဝန်ထမ်းများအား ပေးနေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိတစ်ဦးကလည်းပြောသည်။

"ကိုဗစ်က စစ်သင်တန်းတက်နေရသူတွေမှာ အဓိက ဖြစ်တာ။အရမ်းပင်ပန်းတယ်။ သေနတ်တွေလည်း ပစ်ရတယ်။ စစ်သင်တန်းကို နားထားတာ ကြာပြီ။ အခုမှ ပြန်လုပ်နေတာ"ဟု ပညာရေးဌာန ဝန်ထမ်းတစ်ဦးကပြောသည်။

ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သင်တန်းတွင် တက်နေသည့် Non CDM  ဝန်ထမ်းများ၌ ကိုဗစ်ပိုးတွေ့သည့်သတင်းကို ပြင်ပသို့ပေါက်ကြားမှုမရှိစေရန် သင်တန်းဆရာများက သတိပေး ထားပြီး မိသားစုဝင်များကိုပင် အသိမပေးရန် ပိတ်ပင်ထားသည်ဟု ဝန်ထမ်းအချို့ကဆိုသည်။

People's Spring 

စစ်​ကောင်စီဖွင့်​သော​ဖောင်ကြီးဗဟိုသင်တန်းတက္ကသိုလ်တွင်သင်တန်းသား ၁၀၀ ​ကျော်ကိုဗစ်ဖြစ် စစ်​ကောင်စီဖွင့်​သော​ဖောင်ကြီးဗဟိုသင်တန်းတက္ကသိုလ်တွင်သင်တန်းသား ၁၀၀ ​ကျော်ကိုဗစ်ဖြစ် Reviewed by THITHTOOLWIN on 07:00 Rating: 5

No comments:

Powered by Blogger.