မုံရွာလဝကရုံးနှင့် စစ်​ကောင်စီတပ်သားမျာစု​နေ​သော​နေရာကို ​ဒေသခံ​​တော်လှန်ရးအဖွဲ့များ ဗုံးခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လ.ဝ.က(လူဝင်မှုကြီးကြပ်​ရေး) ရုံး ယနေ့နံနက်ပိုင်းကဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ 

ယနေ့  (ဇန်နဝါရီလ ၄ရက်နေ့) နံနက် ၁၁နာရီခန့်က  စစ်ကိုင်းတိုင်း၊မုံရွာမြို့ အမြင့်လမ်းခွဲရှိ လဝကရုံးအား Monywa Revolution Army၊ Monywa Heroes Groupနှင့် South Monywa-PDF တို့ကလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ထုတ်ပြန်သည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် လဝကရုံးအတွင်းရှိ ပစ္စည်းများ အများအပြားထိခိုက်ပျက်စီးပြီး အခြား ထိခိုက်ကျဆုံးမှုများ မသိရသေးကြောင်း ၎င်းတို့က အသိပေးသည်။

ထိုအပြင် ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့)နံနက် ၆နာရီခွဲ အချိန်က မုံရွာမြို့အထွက် ညောင်ပင်စောက်နှင့် အမြင့်လမ်းဆုံ၌ စစ်ကောင်စီတပ်သား ၂၀ဦးကို ဟာမိတ်များ၏ ပဒေသာမိုင်းခြောက်လုံးဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၈ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မုံရွာအခြေစိုက် ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဦးစီးကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားကို သပိတ်မှောက်ခြင်းဖြင့် ၎င်းတို့၏ ဝပ်ကျင်းများနှင့် စစ်ဆေးရေးဂိတ်များကို ပြည်သူများရှောင်ကြဉ်သွားကြရန် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (N.P.R.F)ကလည်း သတင်းထုတ်ပြန်ကြေညာသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့များကလည်း နံနက်၄နာရီမှ နေ့လည်၁နာရီအထိ မုံရွာမြို့ရှိနေရာလေးနေရာကို သွားလာခြင်းမပြုကြရန် ထုတ်ပြန်ကြေညာထားသည်။

People's Spring 

မုံရွာလဝကရုံးနှင့် စစ်​ကောင်စီတပ်သားမျာစု​နေ​သော​နေရာကို ​ဒေသခံ​​တော်လှန်ရးအဖွဲ့များ ဗုံးခွဲတိုက်ခိုက် မုံရွာလဝကရုံးနှင့် စစ်​ကောင်စီတပ်သားမျာစု​နေ​သော​နေရာကို ​ဒေသခံ​​တော်လှန်ရးအဖွဲ့များ ဗုံးခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 17:51 Rating: 5

No comments:

Powered by Blogger.