ခါးသီးမှုကြားမှ ကျေနပ်ပီတိမှု - ထန်တလန်မြို့နယ်


CDF-Thantlang ခေါင်းဆောင်တစ်ဉီးက ကျန်တော့်ကို ရယ်မောရင်း ပြောတယ် “စစ်ကောင်စီတပ်က ထန်တလန်မြို့နယ်အတွင်း ၁၀ ဧက ခန့်သာ ထိန်းချုပ်နိုင်တယ်၊ ကျန်တာ အကုန်လုံး ကျန်တော်တို့က အပြည့်ဝ ထိန်းချုပ်ထားတယ်”တဲ့။

ထန်တလန်မြို့နယ်က ဧကပေါင်း ၈၇၇,၀၀၀ ခန့် ကျယ်ဝန်းတယ်။ မြို့နယ်ရဲ့ ၉၉ ရာခိုင်နှုန်းကို သူတို့ထိန်းချုပ်နိုင်တယ် ဆိုတဲ့သဘော။

ဟုတ်ပါတယ်။ စကစတပ်က ထန်တလန်မြို့ရဲ့ ရပ်ကွက် နှစ်ခုသာ ထိန်းချုပ်နိုင်တာဖြစ်တယ်။ မြို့ပေါ်ရဲ့ နေရာအများစုကိုပြင် CDF/CNF က ထိန်းချုပ်နိုင်ပြီဖြစ်တယ်။ ကျေးရွာအားလုံး (၈၅ ခန့်)လည်း လွတ်မြောက်နယ်မြေ ဖြစ်သွားပြီ။

မကြာခင် တစ်မြို့နယ်လုံး ရာနှုန်းပြည့် လွတ်မြောက်နယ်မြေ ဖြစ်သွားမည်လို့လည်း မျှော်လင့်ပါတယ်။ (NUG ဝန်ကြီးတစ်ပါးက ‘မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ထန်တလန်မြို့နယ် လွတ်မြောက်နယ်မြေဖြစ်သွားရင် အဲဒီမှာ ကျန်တော်တို့ရုံးလည်း ဖွင့်ရလေမလားပဲ’လို့ ဟာသလိုလို အတည်လိုလို ပြောဖူးတယ်)

အခုလည်း CDF-Thantlang က ပြည်သူ့အုပ်ချုပ်ရေး တည်ဆောက်ပြီး ပြည်သူ့ရဲတပ်ဖွဲ့၊ တရားရေးဌာနနှင့် ပညာရေး၊ ကျန်းမာရေး၊ အခွန်နှင့် အခြား ဌာနများကိုလည်း စတင်ဖွဲ့စည်းလိုက်ပြီ။

တစ်ဘက်မှာ နွေဉီးတော်လှန်ရေးမှာ အနစ်နာဆုံးမြို့က ထန်တလန်မြို့ ဖြစ်ပါတယ်။ အခါးသီးဆုံးနစ်နာမှုကနေ အချိုမှိန်ဆုံး အသီးပွင့်ထွက်လာသလိုမျိုး ဖြစ်ပါစေကြောင်း ဆုတောင်းရင်း...


By ဆလိုင်းကျဲအိုဘိခ့်ထောင်း

Chin News Journal - CNJ


ခါးသီးမှုကြားမှ ကျေနပ်ပီတိမှု - ထန်တလန်မြို့နယ် ခါးသီးမှုကြားမှ ကျေနပ်ပီတိမှု - ထန်တလန်မြို့နယ် Reviewed by THITHTOOLWIN on 01:23 Rating: 5

No comments:

Powered by Blogger.