မဲခေါင်၊ ဇန်နဝါရီ ၃၀
ယတြာအစီအရင်များ၊ အင်းကွက်များ ရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များကို တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အရှေ့ဘက် စစ်တောင်းမြစ်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ကြဲချကြောင်း ဒေသခံများက သတင်းပေးပို့သည်။
ပလပ်စတစ်လောင်းထားသည့် ၅၀၀၀ ကျပ်တန်များမှာ အတုအစစ် သေချာစွာမသိရသော်လည်း ရှေ့ဘက်ရော နောက်ဘက်တွင်ပါ အင်းကွက်များ၊ ယတြာရုပ်ပုံများ ရေးဆွဲထားကြောင်း ဒေသခံများ ပေးပို့လာသည့် ပုံများအရသိရသည်။
MeKong News - မဲခေါင်သတင်း
ယတြာအစီအရင်များရေးဆွဲထားသည့် ကျပ် ၅၀၀၀ တန်များ လေယာဉ်ဖြင့် စစ်တောင်းမြစ်ထဲကြဲချ
Reviewed by THITHTOOLWIN
on
21:58
Rating:
No comments:
Post a Comment