ပိတ်မိနေသော စစ်သားများကို စစ်ကူရန်လာသော စကစတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား (၄၀) ခန့်သေဆုံး၍ အများအပြားဒဏ်ရာရရှိ

Photo - PDF Zoland တပ်ဖွဲ့ဝင်များ 

ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ ဟိန်ဇင်ရွာတွင် ပိတ်မိနေသော စကစတပ်များအား ရဟတ်ယာဉ် (၂) စီး၊ ခြေလျင်အင်အား (၁၀၀) ကျော်ဖြင့် စစ်ကူရန်လာသော စစ်ကောင်စီတပ်များအား CNA၊ CDM Siyin၊ PDF Zoland၊ Kalay PDF၊ PDA၊ Zongam Army နှင့် CDF KKG-2 စသည့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစတပ်သား (၄၀) ခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ မနက် ၈ နာရီစ၍ စစ်ကောင်စီစစ်ကူများ တက်လာကာ ကလေးတက္ကသိုလ်ဘက်မှ သိုင်းငင်းနှင့် ဟိန်ဇင်ရွာကြာ ဒေသများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် (၂) စီးဖြင့်လည်း ဟိန်ဇင်ရွာဝန်းကျင်ကို ဗုံးကျဲခြင်း စက်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ ရဟတ်ယာဉ်နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ဟိန်ဇင်ဘက်မှ စကစတပ်များ ရှေ့တိုးလာသဖြင့် ပြည်သူ့တပ်များနှင့် ထိတွေ့ပစ်ခတ်မှုရှိခဲ့ပြီး နေ့လည်ပိုင်းတွင်လည်းတောက်လျှောက် ထိတွေ့ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တီးတိန်မှ သိုင်းငင်းဘက်သို့ ဦးတည်လာသည့် အကြမ်းဖက်စစ်သားများသည် လမ်းမကြီး အတိုင်းမသွားဘဲတောလမ်းတိုး၍ ချီတက်လာနေပြီး လက်နက်အင်အားနှင့်လူအင်အား မမျှတော့သဖြင့် ညနေ ၅ နာရီ အချိန်တွင် ပြည့်သူ့ ကာကွယ်ရေးတပ်များ ခေတ္တနောက်ဆုတ်ခဲ့ကြပြီး တိုက်ပွဲတွင် အကြမ်းဖက်စကစဘက်မှ (၄၀) ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း PDF Zoland က ထုတ်ပြန်သည်။ 

အဆိုပါ ဟိန်ဇင်တိုက်ပွဲအတွင်း စစ်မြေပြင်တွင် မိုင်းပေါက်ကွဲသဖြင့် ပြည်သူ့တပ်သားတချို့ ဒဏ်ရာရရှိခဲ့ပြီး PDF Zoland မှ ရဲဘော်တစ်ဦးနှင့် CNF မှ ရဲဘော် တစ်ဦး တို့သည် အာဏာရှင်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြောင်း သိရသည်။


PDF Newsflash

ပိတ်မိနေသော စစ်သားများကို စစ်ကူရန်လာသော စကစတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား (၄၀) ခန့်သေဆုံး၍ အများအပြားဒဏ်ရာရရှိ ပိတ်မိနေသော စစ်သားများကို စစ်ကူရန်လာသော စကစတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၊ စကစတပ်သား (၄၀) ခန့်သေဆုံး၍ အများအပြားဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 23:06 Rating: 5

No comments:

Powered by Blogger.