မန္တလေး အိုးဘိုထောင် ဗုံးထုခံရ၊ ဒု-အရာခံဗိုလ် အပါအဝင် ဂိတ်အစောင့် စကစ သုံးဦး ဒဏ်ရာရ၊

မန္တလေး အိုးဘိုထောင် / Photo – CJ

ဇန်နဝါရီ - ၁၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်ရှိ မန္တလေး ဗဟိုအကျသ်းထောင် (အိုးဘို)တွင် ယနေ့ ညနေပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ဂိတ်အစောင့်ကျ စကစ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MFP ၏ သတင်းရင်းမြစ်များက ပြောသည်။

ယနေ့ ဇန်နဝါရီ(၁၆)ရက် ညနေ(၆)နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကျဉ်းဦးစီးဌာန ဝင်းအတွင်းရှိ အကျဉ်းဦးစီး သင်တန်းကျောင်း မြောက်ဘက်အပေါက်တွင်  လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု့ကြောင့် ဒုအရာခံဗိုလ် အဆင့် အပါအဝင် ဂိတ်အစောင့်ကျ စကစ သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

“ထိတာကတော့ သုံးယောက်ထိတယ်။ ဒဏ်ရာကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထား မရှိ” ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက MFP သို့ ပြောသည်။

ဂိတ်အစောင့်ကျ ဒု-အရာခံဗိုလ်သည် နဖူးတွင် ထိခိုက်ဒဏ်ရာရပြီး တပ်ကြပ်သည် လက်နှင့်ခြေထောက်တွင် ထိခိုက်ဒဏ်ရာရကြောင်း၊  ထို့အပြင် ဂိတ်အစောင့်ကျ စကစ လက်အောက်ခံ အကျဉ်းဦးစီးဌာန တပ်သားသည် နောက်ကျောတွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ အိုးဘိုထောင်ကို ဗုံးထုတိုက်ခိုက်မှုနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

အိုးဘိုထောင် ဝန်ထမ်းများက ထောင်အတွင်း ဖမ်းဆီးထားသူများအနက် နိုင်ငံရေးနှင့် ဆက်စပ်သူများကို ပိုမိုဖိနှိပ် ပညာပြနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ရဲဘက်အကျဉ်းစခန်း တိုက်ခိုက်ခံရကာ စကစ လက်အောက်ခံ (၁၀)ဦးထက်မနည်း သေခဲ့သည်။


Mandalay Free Press - MFP

မန္တလေး အိုးဘိုထောင် ဗုံးထုခံရ၊ ဒု-အရာခံဗိုလ် အပါအဝင် ဂိတ်အစောင့် စကစ သုံးဦး ဒဏ်ရာရ၊ မန္တလေး အိုးဘိုထောင် ဗုံးထုခံရ၊ ဒု-အရာခံဗိုလ် အပါအဝင် ဂိတ်အစောင့် စကစ သုံးဦး ဒဏ်ရာရ၊ Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.