MFP ၊ ဇန်နဝါရီ - ၃
မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားနှစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၅)ဦးထက် မနည်း သေပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၃)ရက် မနက်ပိုင်းက တံတားဦးမြို့မှ ထွက်လာသော စခကား နှစ်စီးကို ကံကြီးရွာအကျော် (၉)မိုင်ဆီဆိုင်ကွေ့တွင် တော်လှန်ရေး မဟာမိတ် ငါးဖွဲ့ ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဖောက်ခွဲရာတွင် ပထမတစ်စီး ကားနောက်ပိုင်း ပျက်စီးပြီး ဒုတိယခွေးကား တစ်စီမှာ ခေါင်းပိုင်း ပျက်စီး၍ စခ ၁၅ ကောင်ကျော် ဘဝကူးပေးခဲ့ပြီး လိုက်ပွဲ ငါးပွဲ အရန်သင့် ထားခဲ့ပါသည်” ဟု မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR) နှင့် ငါန်းဇွန်း ပ.က.ဖ တို့ ဦးဆောင်ကာ NZ FIVE STARအဖွဲ့၊ တော်ဝင်ဒေဝီ(ငါန်းဇွန်)နှင့် Young Fighters People's Defence Force of Myaung(YFPDF) တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၃၁)ရက် ည(၁၁)နာရီခန့်ကလည်း ငါန်းဇွန်မြို့နယ် မြို့သာစက်မူဇုန် တောင်ကုန်းရွာကြားတွင် အကြမ်ူဖက် စစ်ကောင်စီ လက်နက်ကိုင်များ လိုက်ပါလာသော ကားတစ်စီးကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR) နှင့် ငါန်းဇွန့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ငါန်းဇွန် ပ.က.ဖ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားအင်ဂျင် ထိခိုက်ပျက်စီးသော်လည်း စကစများ မသေဘဲ လွတ်သွားသည်ဟု ယင်းကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment