လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ ၊ ဒီလဇန်နဝါရီလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့


စစ်တပ်က အာဏာသိမ်းပြီးနောက် လေကြောင်းကနေ တိုက်ခိုက်မှု တွေကို  မြို့နယ်ပေါင်း ၂၆ မြို့နယ်မှာ  လုပ်ဆောင်ခဲ့ပြီး  ဒီနှစ်ဆန်းပိုင်းမှာတင်လေကြောင်း တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းလွှာ မှာဖော်ပြထားချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီဟာလေကြောင်းကနေ ၁၅ ကြိမ်တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေကို စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ကရင်နီပြည် တို့ မှာလုပ်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်မှု တွေကို ပိုလုပ်ဆောင်လာတာတွေ့ရပါတယ်။

ဇန်နဝါရီလ လလယ်အထိမှတ်တမ်းတွေအရ  လေကြောင်းက တိုက်ခိုက်မှုဟာ ၁၉ ကြိမ်ရှိခဲ့ပြီး  စစ်ကိုင်း ၊ ကရင်နဲ့ကရင်နီပြည်တို့ ပါဝင်ကာ လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဟာ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

NUG ကတော့ စစ်ကောင်စီဟာ လေတပ်ရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ပြောထားပါတယ်။

ဒီလိုလေကြောင်းကတိုက်ခိုက်မှုတွေကြောင့်အရပ်သားပြည်သူတွေသေကျေတာ၊ အိုးအိမ်တွေပျက်စီးတာ နဲ့ဘာသာရေးအဆောက်အအုံတွေထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။


People's Spring

လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ ၊ ဒီလဇန်နဝါရီလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ  ၊ ဒီလဇန်နဝါရီလအတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.