ဝါးခယ်မမြို့တွင် အမျိုးသမီး​ငယ်တ​စ်ဦး ဖမ်းဆီးခံရပြီးနောက် ၁ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်ပြတ်


ဝါးခယ်မ ၊ဇန်နဝါရီ ၂၄ ရက် 

ဧရာဝတီတိုင်း‌၊ဝါးခယ်မမြို့ ရေကျော်ရပ်ကွက်မုခ်ဝတီကျောင်းလမ်းနေ မဇင်မာအောင်အား စစ်ကောင်စီတပ်များက ဇန်နဝါရီ ၁၈ ရက်နေ့တွင်လာရောက်ဖမ်းဆီးသွားပြီးနောက် ယနေ့အချိန်အထိ မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

မဇင်မာအောင်အား ဖုန်းအတွင်းစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အကြောင်းအရာများ ရေးသားသည်ဟုစွပ်စွဲပြီဖမ်းဆီးပြီးစစ်ကြောရေးပို့ရန်ခေါ်ဆောင်သွားကြောင်းသိရသည်။

"ဖမ်းသွားတာတပါတ်ရှိနေပါပြီ စစ်ကြောရေးပို့မယ်လို့ပဲ သိရတယ် မိသားစုကဘယ်လိုက်ရမှန်းမသိဖြစ်နေတယ် ဘာအမှုနဲ့တရားစွဲမှာလဲ ပြန်လွှတ်မှာလား သေသေချာချာဘာမှမသိရပါဘူး"ဟု ၎င်း၏ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။

စစ်အာဏာသိမ်းပြိးနောက် ဆန္ဒပြသူမှအစ နိူင်ငံးရေး ပုဒ်မများဖြင့် ဝါးခယ်မရဲအချုပ်နှစ်ခုတွင်ဖမ်းဆီးချုပ်နှောင် ခံထားရသူ ၅၀ ကျော်ရှိနေဖြစ်ပြီး ၎င်းတို့အနက်မှ အများစုမှာ တရားစွဲဆိုခံထားရသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


Ayeyarwaddy Times 

ဝါးခယ်မမြို့တွင် အမျိုးသမီး​ငယ်တ​စ်ဦး ဖမ်းဆီးခံရပြီးနောက် ၁ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်ပြတ် ဝါးခယ်မမြို့တွင် အမျိုးသမီး​ငယ်တ​စ်ဦး ဖမ်းဆီးခံရပြီးနောက် ၁ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်သွယ်ပြတ် Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.