သထုံမြို့နယ် ဝီရော်ရွာက စစ်ကောင်စီတပ်စခန်း စနိုက်ပါဖြင့်ပစ်ခတ်ခံလို့ ၂ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - KNLA လက်ဖြောင့်သေနတ်သမားတစ်ဦး။ (Photo: Internet) 

ဇန်နဝါရီလ ၇ ရက်နေ့၊ ၂၀၂၂

မွန်ပြည်နယ် သထုံမြို့နယ် ဝီရော်ကျေးရွာ အခြေစိုက်သည့်စစ်ကောင်စီတပ်စခန်းကို ယနေ့ နေ့လယ် ၁၀ နာရီအချိန်မှာ KNLA တပ်ရင်း၂ တပ်ဖွဲ့မှ စနက်ပါ (လက်ဖြောင့်သေနတ်သမား)က သွားရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးတယ်လို့ KNLA တပ်ရင်း၂ မှ တပ်မှူးတစ်ဦးကပြောဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ည  ၇ နာရီအချိန်မှာလည်း သိမ်ဆိပ်ရဲစခန်းကို KNLA တပ်ရင်း ၂ တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ ထိခိုက်သေဆုံးမှုကိုတော့မသိရဘူးလို့ အဆိုပါတပ်မှူးကပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၆ ရက်နေ့မှာ မွန်ပြည်နယ် အပေါင်မြို့လယ်မှာ လုံခြုံရေးယူတပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့နေရာတစ်ခုကိုလည်း KNLA တပ်ရင်း ၂ တပ်ဖွဲ့နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့သွားရောက်ပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကိုပါမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 


Salween Press

သထုံမြို့နယ် ဝီရော်ရွာက စစ်ကောင်စီတပ်စခန်း စနိုက်ပါဖြင့်ပစ်ခတ်ခံလို့ ၂ ဦးသေဆုံးဟုဆို သထုံမြို့နယ် ဝီရော်ရွာက စစ်ကောင်စီတပ်စခန်း စနိုက်ပါဖြင့်ပစ်ခတ်ခံလို့ ၂ ဦးသေဆုံးဟုဆို Reviewed by THITHTOOLWIN on 00:42 Rating: 5

No comments:

Powered by Blogger.