ကျေးရွာအတွင်းသို့တပ်စွဲရန် သေနတ်ပစ်ဖောက်ပြီးဝင်လာချိန် ပျားအုံသို့ပစ်မိ၍ စကစတပ်များပျားတုတ်ခံရ၊ တပ်သား (၃) ဦး မျက်နှာများ ရောင်ကိုင်းနေ
ဇန်နဝါရီ ၁၁၊ PDF Newsflash
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ချောင်းမကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို့တပ်စွဲရန် ဝင်ရောက်လာချိန်တွင် သေနတ်ရမ်းပစ်ဖောက်ရာ ပျားအုံကိုပစ်ခတ်မိ၍ စစ်ကောင်စီတပ်သားများ ပျားတုတ်ခံရကာ တပ်သား (၃) ဦး မျက်နှာများရောင်ကိုင်းနေကြောင်း သိရသည်။
" ချောင်းမကြီးကျေးရွာဘုန်းကြီးကျောင်းအတွင်း လပ်တီးအုပ်စု တပ်ဆွဲနေ။ ချောင်းမကြီးကျေးရွာ ဝင်ခါနီး သေနက်ရမ်းပစ်ရာ ပျားအုံအားပစ်မိ၍ ခွေး (၃) ကောင် ပျားတုတ်ခံရပြီး မျက်နှာများရောင်ကိုင်းနေ " ဟု ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း အဖွဲ့ကထုတ်ပြန်သည်။
အလားတူ ရှားကွဲရွာ မန်းတောင်တွင်လည်း စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး မြွေကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။
PDF Newsflash
No comments:
Post a Comment