သတင်းထောက် ပူးသွီဒင်းကို စစ်ကောင်စီတပ်က လည် လှီး၍ရက်စက်စွာသတ်ဖြတ်


ဇန်နဝါရီ ၂၀ ရက်

ချင်းပြည်နယ်(တောင်ပိုင်း) မတူပီမြို့နယ်၊ မတူပီ- ဟားခါးလမ်းပေါ်တွင် စစ်ကောင်စီတပ်၏ဖမ်းဆီး ခေါ်ဆောင် သွားမှုကြောင့် ပျောက်ဆုံးနေခဲ့သည့် သတင်းထောက် ပူးသွီဒင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက်နေ့ သတ် ဖြတ်သွားခဲ့ပြီး ၄င်း၏ရုပ်အလောင်းအားပြန်လည်တွေ့ရှိချိန်တွင် ရက်စက်စွာ လည်လှီးသတ်ဖြတ်ခံထားရကြောင်း ခေါနုသုမ်သတင်းဌာန အယ်ဒီတာက အတည် ပြုပြောကြားသည်။

ပူးသွီဒင်း၏ရုပ်အလောင်းကို CDF-Matupi နဲ့ ဒေသခံပြည်သူများက ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အ လောင်းကိုတွေ့ရှိရာတွင် လက်နောက်ပြန်ကြိုးတုတ်၍ လည်လှီးသတ်ဖြတ်ထားခြင်းအပြင် လက်ချောင်းများကိုလည်းဖြတ်တောက်ထားကြောင်း သိရသည်။

'' သူ့ရဲ့ရုပ်အလောင်းကို CDFမတူပီဘက်က ပြန်တွေ့ခဲ့တာပေါ့။ပြန်တွေ့တော့ကျနော်တို့ဆီကိုအကြောင်း ကြားတယ်ပေါ့နော်။ ကျနော်တော့ သေနတ်နဲ့တောင်ပစ်သတ်တယ်မထင်ဘူး။ သူ့ကိုဒီတိုင်းလည်လှီးပြီးသတ်ထားတယ်။ မျက်စိနဲ့ပါးစပ်တွေကိုအဝတ်နဲ့စည်းထားတယ်။ လက် ပြန်ကြိုးတုတ်ထားပြီး လက်ချောင်းတွေကိုဖြတ်ထားပြီး တော်တော်ရက်ရက်စက်စက်လုပ်ထားတယ်လို့ပြောတော့ ကျနော်တို့တောင် တော်တော်တုန်လှုပ်သွားတယ်။ အရမ်းကိုရက် စက်ယုတ်မာတဲ့လုပ်ရပ်ပါ။'' ဟု ခေါနုသုမ်သတင်းဌာနအယ်ဒီတာ ကိုရောဘတ်က ဧရာဝတီတိုင်းမ်ကိုပြော သည်။

သတင်းထောက် ပူးသွီဒင်းသည် ချင်းပြည်နယ်အ ခြေစိုက် ခေါနုသုမ်သတင်း ဌာနကို တည်ထောင်သူတဦးဖြစ်ပြီး အဆိုပါသတင်းဌာနတွင်အယ်ဒီတာချုပ်အဖြစ်နှစ်များစွာဆောင်ရွက်ခဲ့သည့် အယ်ဒီတာချုပ်ဟောင်းတဦးလည်းဖြစ်ကြောင်း သိရသည်။

သတင်းထောက် ပူးသွီဒင်းသည် ဇန်ဝါရီလ ၆ ရက်နေ့က မတူပီမြို့နယ်အတွင်း ၄င်းနှင့်အတူ ချင်းအ မျိုးသား ၁၀ ဦးတို့ကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင် သွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ကပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ချင်းအမျိုးသာ ၁၀ ဦး ၏ရုပ်အလောင်းအား မတူပီမြို့နယ် ကီးလှုန်းရွာအနီးတွင်ပြန်လည်တွေ့ရှိခဲ့ကာ ၄င်း ၏သေဆုံးမှုအား ဇန်နဝါရီ ၁၀ ရက်နောက်ပိုင်းမှသာ အ တည်ပြုနိုင်ခြင်းဖြစ်ကြောင်း ချင်းသတင်းရင်းမြစ်များထံက သိရသည်။


Ayeyarwaddy Times

သတင်းထောက် ပူးသွီဒင်းကို စစ်ကောင်စီတပ်က လည် လှီး၍ရက်စက်စွာသတ်ဖြတ် သတင်းထောက် ပူးသွီဒင်းကို စစ်ကောင်စီတပ်က လည် လှီး၍ရက်စက်စွာသတ်ဖြတ် Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.