မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလမ်းဖွင့်ပွဲ ပြုလုပ်ချိန် မိုးပျံပူပေါင်းများပေါက်ကွဲ၍ ပွဲတက်လာသူများ ကြောက်လန့်တကြားထွက်ပြေးကြသောကြောင့် ပွဲပျက်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယနေ့ (ဇန်နဝါရီလ ၁၄ ရက်) နံနက် ၈ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်ကောင်စီက မြို့တွင်းရှိ အောင်သပြေလမ်းအား လမ်းဖွင့်ပွဲပြုလုပ်ချိန် မိုးပျံပူပေါင်းများလွှတ်တင်ရာ ဓါတ်အားလိုင်းနှင့်တိုက်မိ၍
ပူပေါင်းများပေါက်ကွဲခဲ့ကြောင်း၊ ပူပေါင်းပေါက်ကွဲသံကိုဗုံးနှင့်လက်နက်ပေါက်ကွဲပစ်ခတ်သံများထင်ပြီး ကြောက်လန့်ကာစစ်ကောင်စီတပ်သားများအပါအဝင် ပွဲတက်လာသူများက ထွက်ပြေးကြရာ ပွဲပျက်သွားကြောင်း ဒေသခံအချို့က ပြောသည်။
"အစီအစဥ် သုံးအရ ပူစီပေါင်းနဲ့ ဖဲကြိုးဖြတ်တာ ပူစီဖောင်းအတွဲတွေက ဖဲကြိုးရောပါပြီး အပေါ်တက်သွားတော့ ၁၁၀၀၀ ကေဘယ်ကြိုးနဲ့ချိတ်မိပီး ရှော့ဖြစ်တယ်။ ပူပေါင်းတွေပေါက်ကွဲပြီး မီးလောင်ပါလေရော။ ဖောင်း၊ဖွတ် ဆို အသံကြားတော့ လူကြီး၊စည်ပင်ဝန်ထမ်းနဲ့ လုပ်သားတွေရော ဝရုန်းသုန်းကား ထွက်ပြေးကြတာ ကြည့်ကောင်းတာဗျာ၊ရယ်လိုက်ရတာ။စိတ်မကောင်းဘူးခင်ဗျာ။တစ်ယောက်မှ မှောက်ရက်လဲတာမတွေ့ဘူး"ဟု မြို့ခံတစ်ဦးက ပြောသည်။
အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်းဖွင့်ပွဲအခမ်းအနားကိုပါ ဖျက်သိမ်းရကြောင်း၊ ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း ချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။
အခမ်းအနားပျက်ပြီးနောက်မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့်ဟုထင်ခဲ့ပြီး နေ့လယ်ပိုင်းတွင်မှမိုးပျံပူပေါင်းပေါက်ခြင်းဖြစ်ကြောင်း မြို့ခံအများစု သိ့ခဲ့ရခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကလည်းပြောသည်။
People's Spring
No comments:
Post a Comment