ကျိုက်ထိုမြို့ အဂ်ဘိုကျေးရွာ ဆီအုန်းခြံတွင် တပ်စွဲထားသေ ာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ ဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့ အဂ်ဘိုကျေးရွာ ဆီအုန်းခြံ တွင်တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ဦး သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခန့်တွင် ကျိုက်ထိုမြို့ တော်လှန်ရေးအဖွဲ့ Kyaikhto Revolution and Information Networkမှ ချောင်ပိတ်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အကျဆုံးများကြောင်းသိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကားအမြောက်အများဖြင့် ဘီးလင်းမှ ကျိုက်ထိုသို့ တက်လာသည်ဟု ဒေသခံများ ထံမှ သိရသည်။ 

"မနေ့ ည ၇ နာရီကျော်လောက်မှာ စစ်ခွေးတွေနဲ့ တပ်မဟာ ၁ က KNU တွေနဲ့ပစ်ကြသေးတယ်။ သေဆုံးစာရင်းကိုတော့အတိအကျတော့မသိရသေးဘူးဗျ " ဟု ဒေသခံတစ်ဦးမှပြောသည်။

သံလွင်ခက် - Than Lwin Khet News

ကျိုက်ထိုမြို့ အဂ်ဘိုကျေးရွာ ဆီအုန်းခြံတွင် တပ်စွဲထားသေ ာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ ဦးသေဆုံး ကျိုက်ထိုမြို့  အဂ်ဘိုကျေးရွာ ဆီအုန်းခြံတွင် တပ်စွဲထားသေ ာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ချောင်ပိတ်ပစ်ခတ်ခံရပြီး ၃၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.