မန္တလေးမြို့ ချမ်းမြသာစည်မြို့သစ်တွင် ရပ်ကွက် အကွက်မှူး လင်မယား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊


ဇန်နဝါရီ - ၂၆

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက်တွင် ရပ်ကွက်အကွက်မှူးဖြစ်သူနှင့် ဇနီးဖြစ်သူတို့ ယနေ့ မနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦး သေဆုံးကာ တစ်ဦး ဆေးရုံပို့ထားရကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၆)ရက် မနက်(၈)နာရီကျော်အချိန်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ (၁၁၁)လမ်း၊နှင့် လမ်း(၇၀)အနီးရှိ စာသင်ကျောင်းရှေ့၌ အဆိုပါ ရပ်ကွက် အကွက်မှူး ဖြစ်သူ ဦးလှမြင့် နှင့် ၄င်း၏ ဇနီးဖြစ်သူတို့  စျေးဝယ်ပြီး နေအိမ်သို့ပြန်လာစဉ် ကျောင်းရှေ့အရောက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရသဖြင့် အကွက်မှူး ဦးလှမြင့်၏ ဇနီးဖြစ်သူ အသက်(၅၀)ကျော်အရွယ် အမျိုးသမီးသည် အခင်းဖြစ်နေရာ၌ပင် သေဆုံးပြီး ဦးလှမြင့်တွင် လည်ပင်သေနတ်ဒဏ်ရာ ရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ဆေးရုံပို့ထားရသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

မန္တလေးမြို့၌ စစ်ကောင်စီ သတင်းပေးဒလန်များ အပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာန၊ အဆောက်အဦးများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ တချိန်တည်းမှာပင် စစ်အုပ်စုကလည်း ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ် ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။


Mandalay Free Press - MFP

မန္တလေးမြို့ ချမ်းမြသာစည်မြို့သစ်တွင် ရပ်ကွက် အကွက်မှူး လင်မယား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့သစ်တွင် ရပ်ကွက် အကွက်မှူး လင်မယား ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး၊ Reviewed by THITHTOOLWIN on 19:16 Rating: 5

No comments:

Powered by Blogger.