စက်သေနတ်တွေနဲ့ သွားနေတဲ့ စစ်ကောင်စီကားကို မဟာမိတ်သုံးဖွဲ့က မိုင်းဆွဲတိုက်ခိုက်

ဝက်လက်၊ ဇန်နဝါရီ ၁၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အရာတော်-ဝက်လက်လမ်းပိုင်းမှာဇန်နဝါရီ ၁၉ ရက် ဒီကနေ့နေ့လယ် ၁၂ နာရီခွဲလောက်က စက်သေနတ်တွေကိုင်ဆောင်ကာ သွားနေတဲ့ စစ်ကောင်စီကားကို လမ်းကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

စက်သေနတ်တွေ ကိုင်ဆောင်ကာသွားနေတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရလို့ ကားရှေ့ပိုင်းပျက်စီးသွားတယ်လို့ သိရပါတယ်။

"အရာတော်-ဝက်လက် လမ်းမတနေရာမှာ ဝက်လက်ဘက်ကနေ ထွက်လာတဲ့ စက်သေနတ်ကားကို ကျနော်တို့ မြင်းဖြူရှင်အဖွဲ့ က ရှေ့ထွက်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ ကားတစီးလုံး ရှေ့ပိုင်းတခုလုံး ထိခိုက်ပျက်စီးသွားတယ်ဗျ။  အသေပျောက်ကတော့ အတိကျမသိရသေးဘူးဗျ။ ကားလမ်းပေါ်မှာ မှန်စတွေ ကြေမွပျက်စီးသွားတယ်။ စစ်ခွေးတွေကြောက်လန့်ပီး ပြန်ပစ်တယ်ဗျ။ နွားနှစ်ကောင်တော့သေသွားတယ်ဗျ။"လို့ မြင်းဖြူရှင်ပျောက်ကျားတပ်ဖွဲ့က  တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မြင်းဖြူရှင်ပျောက်ကြားအဖွဲ့နဲ့အတူ ဝက်လက်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပြီး စစ်ကောင်စီဘယ်နှစ်ယောက်သေတယ်ဆိုတာကိုတော့ မသိရှိရ​သေးဘူးလို့ ​သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

စက်သေနတ်တွေနဲ့ သွားနေတဲ့ စစ်ကောင်စီကားကို မဟာမိတ်သုံးဖွဲ့က မိုင်းဆွဲတိုက်ခိုက် စက်သေနတ်တွေနဲ့ သွားနေတဲ့ စစ်ကောင်စီကားကို မဟာမိတ်သုံးဖွဲ့က မိုင်းဆွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 04:23 Rating: 5

No comments:

Powered by Blogger.