(ဇန်နဝါရီလ ၅ ရက်)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင်း ဒီကနေ့ ဇန်နဝါရီလ (၅) ရက်တွင် အကြမ်းစစ်ကောင်စီတပ်များနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၆) ဒဏ်ရာရှိခဲ့သိရပါတယ်။
အဆိုပါတိုက်ပွဲသည် ဒီနေ့နံနက်ပိုင်းထဲကစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေ မြို့ထဲဝင်လာနေတယ်ဆိုသော အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ တစ်ဖက်သတ် ပစ်ခတ်ခဲ့ရာကနေ စစ်ရေးတင်းမာခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့တာ သိရသည်။
အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် (၂) နှစ် နဲ့ (၅) နှစ်အရွယ် ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ (၆) ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။
HTY Information
ရှမ်းမြောက် နမ့်ခမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ထက်မနည်း သေဆုံး၍ (၆) ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
00:12
Rating:
No comments:
Post a Comment