အဝေးထိန်းစနစ်နဲ့ လောင်းရှည်မီးသတ်စခန်း မိုင်းခွဲတိုက်ခိုက်ခံရ



လောင်းရှည်၊ ဇန်နဝါရီ ၉၊ ၂၀၂၂။ 

အဝေးထိန်းဖုန်းနည်းပညာသုံးပြီး လောင်းရှည်မြို့မီးသတ်စခန်းကို ဇန်နဝါရီ ၉ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - LSRPDF ဆီကသိရပါတယ်။ 

မကွေးတိုင်း၊ လောင်းရှည်မြို့မီးသတ်စခန်းမှာ စစ်ကောင်စီကတပ်စွဲထားတာကြောင့် ခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့  LSRPDF တာဝန်ခံကပြောပါတယ်။ 

“ စစ်သား ၄ ယောက် ဒဏ်ရာ အပြင်းထန်ရတယ်၊ ၂ ယောက်ကိုတော့ ကပစ ၂၅ကိုပို့ပြီး နောက်ထပ် ၂ ယောက်ကတော့ ဒဏ်ရာအလွန်ပြင်းထန်လို့ မကွေးဆေးရုံကို အရေးပေါ်ပို့လိုက်ရတယ်လို့သိရတယ်၊” လို့သူက ပြောပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာလည်း စစ်ကောင်စီက လောင်းရှည်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ LSRPDF တာဝန်ခံကပြောပါတယ်။

LSRPDF ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ မနက်ပိုင်းကလည်း လောင်းရှည်မြို့ကနေ ကပစ - ၂၅ ကိုပြန်သွားတဲ့ စစ်ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်ကအရာရှိတဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

အဝေးထိန်းစနစ်နဲ့ လောင်းရှည်မီးသတ်စခန်း မိုင်းခွဲတိုက်ခိုက်ခံရ အဝေးထိန်းစနစ်နဲ့ လောင်းရှည်မီးသတ်စခန်း မိုင်းခွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 01:17 Rating: 5

No comments:

Powered by Blogger.