ဓာတ်ပုံ- လှည်းကူးမြို့နယ်တွင်တွေ့မြင်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (CJ) |
ရန်ကုန်၊ လှည်းကူးတွင် ယခု ဇန်နဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ လူငယ်များ အနည်းဆုံး ၉ ဦးအထိရှိလာသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၆ရက်နေ့မှစတင်ကာ ၉ရက်နေ့အတွင်း ၄င်းတို့ဖမ်းဆီးခေါ်ဆောင်လိုသည့် လူငယ်အချို့၏ အိမ်များကို ဧည့်စာရင်းစစ်မည်ဟုအကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လှည်းကူးမြို့နယ်ကျောင်းသားသမဂ္ဂအဖွဲ့နှင့်ဆက်စပ်မှု သံသယရှိ၍ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းများ ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးမေးမြန်းခံနေရသူများမှာ ရိပ်သာရပ်ကွက်မှ ကိုချိုလေးအောင်၊ ၄င်း၏ ညီဖြစ်သူနှင့် ၊ကိုလွှမ်းဝေယံဟိန်း၊ မကြည်သာချို၊ကိုဥက္ကာထွန်း၊ စျေးကြီးရပ်ကွက်မှ ကိုကိုဝင်း၊ အောင်သုခ ၅လမ်းမှ ကိုအောင်စည်သူ၊ ကိုဆင်မ၊ မြို့မရပ်ကွက်မှ ကိုရှိုင်းဗိုလ်ဗိုလ်သူတို့ ဖြစ်ကြသည်။
၄င်းတို့အနက် မကြည်သာချိုနှင့် ကိုချိုလေးအောင်၊ ကိုချိုလေးအောင်၏ ညီဖြစ်သူတို့ကို စစ်ကောင်စီက မေးမြန်းမှုများအပြီးတွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု အထက်ပါသတင်းရင်းမြစ်များကပြောသည်။
အသက် ၂၅နှစ်နှင့်အသက် ၂၀အရွယ်ရှိသူ ကိုချိုလေးအောင်၊၄င်း၏ညီဖြစ်သူနှင့် အသက် ၁၉နှစ်အရွယ် မကြည်သာချိုတို့ကို ဇန်နဝါရီလ ၆ရက်နေ့ညနှင့် ဇန်နဝါရီလ ၈ရက်နေ့ညတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းစစ်မည်ဟုဆိုကာ ၄င်းတို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၇ရက်နေ့တွင် အသက် ၁၉နှစ်အရွယ်ရှိ ကိုလွှမ်းဝေယံဟိန်းကို ကျောင်းသားသမဂ္ဂနှင့် ဆက်စပ်မှုသံသယကြောင့်ဟုဆိုကာ ဖမ်းဆီးထားခဲ့သည်။ ထို့အပြင် ကိုဆင်မ၊ ကိုရှိုင်းဘိုဘိုတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်။
ဇန်နဝါရီလ ၈ရက်နေ့တွင် အသက် ၂၀အရွယ်ရှိ ကိုဥက္ကာထွန်းကို ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ စစ်ကောင်စီအင်အား ၃၀နီးပါးဖြင့် ခေါ်ဆောင်ဖမ်းသွားခဲ့သည်။ ထိုနေ့မှာပင် အသက် ၂၀အရွယ် အောင်သုခ ၅လမ်းနေ ကိုအောင်စည်သူနှင့် ကိုကိုဝင်းကိုလည်း ဖမ်းဆီးထားသည်။ မည်သည့်သံသယနှင့် ဖမ်းထားကြောင်း မသိရသေးပေ။
ဖမ်းဆီးခံထားသူရအချို့သည် မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိသော်လည်း အချို့မှာမူ အဆက်သွယ်မရရှိသေးဘဲ မည်သည့်နေရာတွင်ရှိနေသည်ကိုပင် မသိရှိရသေး၍ စိုးရိမ်နေရကြောင်း အဖမ်းခံထားရသူများ၏ မိသားစုဝင်အချို့ကပြောသည်။
Hlegu Luumhu Platform
No comments:
Post a Comment