မန္တလေး လွှတ်တော်ဂိတ်မှာဗုံးကွဲ၊ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝင် ၃ ဦးသေဆုံးဖွယ်ရှိ၊


မန္တလေး၊ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဂိတ်ပေါက်မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး အရာရှိတစ်ဦးနဲ့ စစ်သား ၂ ဦးဟာ သေဆုံးနိုင်လောက်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့လွှတ်တော်ရုံးအနီးမှာနေထိုင်သူတွေကဆိုပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ဂိတ်ပေါက်မှာ ပထမအကြိမ်ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာ နောက်ထပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းကရပ်ကွက်ရုံးမှာလည်း နေ့လည်ပိုင်းကဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။အဲဒီဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတချို့ဒဏ်ရာရခဲ့တယ်လို့မျက်မြင်တွေ့သူတွေကဆိုပါတယ်။

အခုလို အောင်မြေသာစံမြို့နယ်ထဲမှာ နာရီပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးအထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပိုက်စိတ်တိုက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး ရပ်ကွက်ရုံးတွေရှိတဲ့လမ်းတွေကိုလည်း ညနေ ၅ နာရီဝန်းကျင်အထိပိတ်ဆို့ထားတာတွေ့ရပါတယ်။


Shwe Phee Myay News Agency 


မန္တလေး လွှတ်တော်ဂိတ်မှာဗုံးကွဲ၊ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝင် ၃ ဦးသေဆုံးဖွယ်ရှိ၊ မန္တလေး လွှတ်တော်ဂိတ်မှာဗုံးကွဲ၊ အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီဝင် ၃ ဦးသေဆုံးဖွယ်ရှိ၊ Reviewed by THITHTOOLWIN on 01:05 Rating: 5

No comments:

Powered by Blogger.