ကျောက်ဆည်၊ ဇန်နဝါရီ ၃၀
ပြည်သူများ၏ မော်တော်ယာဉ်ကို တားဆီးကာ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ယာဉ်ထိန်းရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ထိန်းရဲ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
"အမှတ် ၁၄ ခြေမြန်တပ်နားက ဂိတ်ကို မိုင်းဆွဲခဲ့တာပါ။ အဲဒီဂိတ်မှာက စစ်သား ၂ ယောက်နဲ့ မော်တော်ပီကယ် ၇ ယောက် လောက်ရှိတယ်" ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ၎င်းကပြောသည်။ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ သည် ဇန်နဝါရီလ ၂၆ ရက်တွင် ကျောက်ဆည်မြို့မရဲစခန်းအတွင်းသို့လည်း လက်ပစ်ဗုံး ပစ်ခတ်ကာ တိုက်ခိုက်ခဲ့သည်။
Lu Nge Khit / လူငယ့်ခေတ်
ယာဉ်များကို တားကာ ငွေတောင်းသည့် စစ်ကောင်စီတပ်သားနှင့် ယာဉ်ထိန်းရဲများကို မိုင်းဆွဲတိုက်ခိုက်
Reviewed by THITHTOOLWIN
on
18:16
Rating:
No comments:
Post a Comment