ကရင်နီပြည်စစ်ဆင်ရေး စ.က.စမှ လေကြောင်းစစ်ကူဖြင့် အရှိန်တိုးမြင့်၊ ပိတ်မိစစ်ရှောင်အများအပြား ခက်ခက်ခဲခဲကယ်ထုတ်နေရ

Photo - KnIC 

ယခုပတ်အတွင်း ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်အတွင်းမှာ စ.က.စဘက်မှ ကြည်းတပ်၊ အမြောက်တင့်ကားနဲ့ လက်နက်ကြီးအမြောက်များကိုအသုံးပြုပြီး စစ်ဆင်ရေးထိုးနေချိန် ယနေ့ဇွန်နဝါရီလ ၇ရက်နေ့မှာ လေကြောင်းစစ်ကူတွေနဲ့ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လက်နက်ကြီးကျဉ်များသိမ်းရှောင်ရင်း ပိတ်မိနေတဲ့ပြည်သူအများအပြားကို ကရင်နီတပ်ပေါင်းစုနဲ့ ကယ်ဆယ်ရေးအစုအဖွဲ့တို့မှ ခက်ခက်ခဲခဲ ကယ်ထုတ်နေကြရပါတယ်။ 

ယနေ့ လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ဖရူဆိုဘက်မှာ စစ်ဆင်ရေးထိုးနေတဲ့ စ.က.စဟာ အဝေးပစ် ၁၂၀ မမလက်နက်ကြီးများနဲ့ အမြောက်တင့်ကားတို့ကိုအသုံးပြုပြီး ရဟတ်ယဉ်များကိုထောက်ပို့အဖြစ်အသုံးပြုခဲ့ပါတယ်။ ရှားတောဘက်မှာတော့ တပ်မ ၆၆မှ အင်အား ၂၀၀လောက်နဲ့ စစ်ဆင်ရေးထိုးနေပြီး သံလွင်အရှေ့ဘက်ခြမ်းရှိ ကရင်နီတပ်မတော် ဌာနချုပ်အနီးအနားတပ်စခန်းတွေကို တိုက်လေယဉ်နှစ်စီးနဲ့ ရဟတ်ယဉ်တစ်တို့နဲ့လာရောက် တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ ပိုမိုလုံခြုံတယ်လို့ယူဆကြတဲ့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ ခိုလုံနေကြပေမဲ့လို့ ယနေ့ ဇန်နဝါရီလ ၇ရက်နေ့ကစပြီး စ.က.စမှ ရပ်ကွက်တွေထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပိတ်မိနေသူအများအပြားရှိနေခဲ့ပြီး အချို့ပြည်သူတွေထိခိုက်ဒါဏ်ရာရှိကြတယ်လို့သိရပါတယ်။ ပိတ်မိပြည်သူတွေကို ကရင်နီတပ်ပေါင်းစုနဲ့ ကယ်ဆယ်ရေးအစုအဖွဲ့တို့ကနေ လက်နက်ကြီးတွေကြားထဲကနေ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ကြပါတယ်။ 

ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အစုအဖွဲ့တို့ရဲ့ စာရင်းများအရ လက်ရှိိ ကရင်နီ စစ်ရှောင် ၂သိန်းဝင်းကျင်ရှိလာနေပါပြီ။  


KnIC 

ကရင်နီပြည်စစ်ဆင်ရေး စ.က.စမှ လေကြောင်းစစ်ကူဖြင့် အရှိန်တိုးမြင့်၊ ပိတ်မိစစ်ရှောင်အများအပြား ခက်ခက်ခဲခဲကယ်ထုတ်နေရ ကရင်နီပြည်စစ်ဆင်ရေး စ.က.စမှ လေကြောင်းစစ်ကူဖြင့် အရှိန်တိုးမြင့်၊ ပိတ်မိစစ်ရှောင်အများအပြား ခက်ခက်ခဲခဲကယ်ထုတ်နေရ Reviewed by THITHTOOLWIN on 19:18 Rating: 5

No comments:

Powered by Blogger.