နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံအစည်းအဝေး တိုက်ခိုက်ခံရ ပျူစောထီးနှစ်ဦး ထိခိုက်မှုပြင်းထန်ဟုဆို


နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံများ၏ လျှို့ဝှက်အစည်း အဝေးပြုလုပ်သည့် နေရာအား တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၁၇)ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၁၆)ညနေပိုင်းက ပခုက္ကူမြို့သို့ရောက်ရှိနေသည့် ညောင်ဦးမြို့နယ်မှ နာမည်ကြီးပျူစောထီး နှစ်ဦး၊ ရဲတစ်ဦးနှင့် မြို့ခံအမျိုးသမီးတစ်ဦးတို့ပြုလုပ်နေသည့် လျှို့ဝှက်အစည်းအဝေးနေရာကို ဗုံးပစ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ၏လက်ပါးစေများ အစည်းအဝေးလုပ်သည့်နေရာမှာ ပခုက္ကူမြို့ (၁၁)ရပ်ကွက် ၆ လမ်းယောထိပ်တန်း အနီးရှိ အထည်ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

"ကျွန်ုပ်တို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ)မှ သြဇာသီးကြွေးခဲ့ရာ ပျူ ကျား ၁၊  မ ၁ အပြင်း အထန်ဝမ်းပျက် ဝမ်းလျှော ဖြစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်"ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(၂)မှ ရဲဘော်ကြယ်နီက ပြောသည်။

ထို့အပြင် နောင်တွင်လည်း စစ်ကောင်စီ၏သတင်းပေးများ၊ ရဲနှင့်စစ်သားများအား အလျှဥ်းသင့်သလို တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အလားတူ ပခုက္ကူမြို့ရှိ ပက်မြန်မာချေးငွေလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူ့တိုင်ကြားချက် ၁၀၀ခန့်လက်ခံ ရရှိထားသောကြောင့် ချေးငွေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ယခုကာလတွင်း ချေးငွေများ ပြန်လည်တောင်းယူ ခြင်းများမပြုလုပ်ရန် သတိပေးထားသည်။


People's Spring 

နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံအစည်းအဝေး တိုက်ခိုက်ခံရ ပျူစောထီးနှစ်ဦး ထိခိုက်မှုပြင်းထန်ဟုဆို နာမည်ကြီးပျူစောထီးနှစ်ဦးပါဝင်သည့် စစ်ကောင်စီလက်ဝေခံအစည်းအဝေး တိုက်ခိုက်ခံရ  ပျူစောထီးနှစ်ဦး ထိခိုက်မှုပြင်းထန်ဟုဆို Reviewed by THITHTOOLWIN on 23:21 Rating: 5

No comments:

Powered by Blogger.