ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်(PDF)များကို တောနင်းရှာဖွေသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရပြီး တစ်ဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၀ ရက်)နေ့လည် ၂ နာရီခန့်က  ရှားကွဲရွာမြောက်ဘက် မန်းတောင်အထက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ နှစ်ဦး မြွေးပွေးကိုက်ခံရခြင်းဖြစ်သည်။

"ဒုတပ်ကြပ်က ဒီညနေ သေသွားတယ်။‌နောက် ဗိုလ်ကြီးဖြစ်တဲ့သူကတော့ ဆေးထိုးထားတယ်လို့ သိရတယ်။နောက် ၂၄ နာရီအတွင်းမှ အဆိပ်ထပ်ပြန့်ရင်တော့ သူလည်း သေဖို့များတယ်။ ဒါက ပြည်သူ့မေတ္တာ ဆူးတာပဲ"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဝက်လက်မြို့နယ်အရှေ့ခြမ်းအား ဒီဇင်ဘာလ ၃၁ရက်နေ့ကတည်းက စစ်ကြောင်းထိုးလျက်ရှိရာ ဇန်နဝါရီလဆန်းပိုင်းက ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်ခဲ့ပြီး စစ​ကောင်စီတပ်ဖွဲ့ဝင်များအား ရဟတ်ယာဥ်များဖြင့် ပို့ဆောင်ချထားခဲ့သည်။ ညောင်ပင်ကြီးတောရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည်အင်အား ၁၄၀ခန့်ဖြင့် ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်နေ့)က ဝက်လက်မြို့နယ်၊ ရှားခွဲရွာအနောက်ဘက်၊ မန်းလေးတောင်အနီးတွင် PDFများကို​တောနင်းရှာ​ဖွေစဥ်မြွေပွေးအကိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဝက်လက်ဒေသခံများက ပြောသည်။

"ကျွန်တော်တို့က အဲမြွေတွေကိုလေးစားတယ်။ ကျွန်တော်တို့အဖွဲ့နာမည်ကိုတောင် တောကြီးမြွေပွေးနာမည်ကို တင်စားပြီး မှည့်ထားတာ။စစ်ကြောင်းက လေယာဥ်နဲ့ညောင်ပင်ကြီးတောမှာလာချတယ်။ တောလမ်းကနေ ရွာတွေကိုပက်ဝင်တယ်။ ၉ ရက်နေ့မှာ ရှားကွဲရွာအနီး တပ်စွဲရင်း မြွေပွေး ကိုက်ခံရပါတယ်။ ၁၀ ရက်နေ့မှာသေတယ်။ ကျနော်တို့နယ်မှာက ဆေးအကူအညီမရနိုင်ပါဘူး။ကျွန်တော်တို့ PDFတွ တစ်ခုခုဖြစ်ရင်တောင် အသက်ပေးကြရတာပါပဲခင်ဗျ။"ဟု ဝက်လက်အခြေစိုက် တောကြီးမြွေပွေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ဒီပဲယင်းနယ်တွင်လည်းမြွေပွေးကိုက်ခံရ၍ သေဆုံးသည့်ဖြစ်စဥ်များလည်းဖြစ်ပွားခဲ့ဖူးသည်။ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ အနောက်မြောက်ဘက်စွန်ရှိ ညောင်ပင်ရိုးကျေးရွာတွင် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သား​သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။

People's Spring 

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး မြွေပွေးကိုက်ခံရ၊ ဒုတပ်ကြပ်သေ Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.