မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို သယ်ဆောင်လာသည့် စကစယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သားနှင့် ပျူစောထီး (၇) ဦးခန့်ထပ်မံသေဆုံး


ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ အရာတော်အရှေ့နယ်၊ သမရိုးကျေးရွာအနီးတွင် မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို ကောက်ပြီးပြန်လာသည့် စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့ ညနေပိုင်းက အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု - ARA မှ ဗိုလ်ရောင်နီနှင့် ဗိုလ်ယက္ခတို့ ဦးဆောင်သော Gen-Z ညီနောင်များတပ်ဖွဲ့က ဇရစ်ကျေးရွာနှင့် မြေနက်ကျေးရွာကြားတွင် စောင့်ကြိုခြုံခိုတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဖောကေားတစ်စီး၊ စူပါကာစတန်ကားတစ်စီး၊ ဆိုင်ကယ် (၉) စီး ပါဝင်သော စစ်ကောင်စီယာဉ်တန်းမှာ မိုင်းမိသည့်အပြင် လက်နက်ကြီးများ ထိမှန်သည့်အတွက် စစ်သားနှင့် ပျူစောထီး (၇) ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။


PDF Newsflash

မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို သယ်ဆောင်လာသည့် စကစယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သားနှင့် ပျူစောထီး (၇) ဦးခန့်ထပ်မံသေဆုံး မိုင်းထိပြီးသေဆုံးသွားသော ပျူစောထီးအလောင်းများကို သယ်ဆောင်လာသည့် စကစယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သားနှင့် ပျူစောထီး (၇) ဦးခန့်ထပ်မံသေဆုံး Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.