တကောင်းနီကယ်စက်ရုံ၏ ဓါတ်အားလိုင်း တိုင်(၃)တိုင်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းခွဲဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံတွင် အာဏာသိမ်းစစ်တပ်နှင့်ရဲများကို လက်ခံနေသည့်အတွက် စက်ရုံကိုပို့လွှတ်နေသည့် ဓာတ်အားလိုင်းတိုင် (၃) တိုင်ကို ဖေါက်ခွဲဖျက်ဆီးလိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင်  Fox Army-HPDF က သတင်းထုတ်ပြန်သည်။ 

အဆိုပါ ဖေါက်ခွဲမှုကို Special.9-HPDF နှင့် Fox Army-HPDF တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင် ခြေနင်းမိုင်းနှင့် တိုက်မိုင်းများလည်း ထောင်ထားသည့်အတွက် အများပြည်သူအနေဖြင့် စက်ရုံအနီးသွားရောက်ခြင်းမပြုကြရန်ကိုလည်း  Fox Army - HPDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နီကယ်တူးဖော်ထုတ်လုပ်ရေးစီမံကိန်းကို တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ CNICO (Myanmar CNMC Nikel) က ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ် ၂၀ လုပ်ကိုင်ခွင့်ဖြင့် တူးဖော်လုပ်ကိုင်နေခြင်းဖြစ်ပြီး မန္တလေးတိုင်း တကောင်းတောင်မှ တူးဖေါ်သည့် နီကယ်သတ္တုရိုင်းမြေစာများကို ပိုက်လိုင်းကြီးဖြင့် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံသို့ပို့၍ နီကယ်ထုတ်လုပ်နေသည့် လုပ်ငန်းဖြစ်သည်။


Tachileik News Agency

တကောင်းနီကယ်စက်ရုံ၏ ဓါတ်အားလိုင်း တိုင်(၃)တိုင်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းခွဲဖျက်ဆီး တကောင်းနီကယ်စက်ရုံ၏ ဓါတ်အားလိုင်း တိုင်(၃)တိုင်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းခွဲဖျက်ဆီး Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.