မုံရွာမြို့ခံလူငယ်တစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် သေဆုံး


မုံရွာ၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း မုံရွာမြို့က မြို့ခံလူငယ်တစ်ဦးကို ဇန်နဝါရီ ၁၆ ရက်တွင် စစ်တပ်ကအကြောင်းပြချက်မဲ့ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၆) နေ့လယ်ပိုင်းက စျေးသွားဝယ်နေချိန်တွင် ကိုစံပေါ (ခ) ကိုထွန်းအောင်နိုင်ကိုစစ်တပ် က ဖမ်းဆီးသွားပြီးနောက် ညနေ (၆)နာရီမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။

"ဒီနေ့မနက်သူတို့ ဆက်သွယ်လာတဲ့အချိန်မှသိရတာ။ မနေ့ကဖမ်းသွားတယ်။   ညနေ(၆)နာရီလောက်မှာဆုံး တယ်လို့ပြောတယ်။အခုတော့ အလောင်းထုတ်ဖို့တောင် မိဘတွေကလည်းကြောက်လန့်နေကြတယ်"ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။

စစ်တပ်ကဖမ်းဆီးခြင်း၊ သေဆုံးမှုနှင့် ပတ်သက်၍ ယနေ့( ဇန်နဝါရီ ၁၇)နံနက်ပိုင်းမှာ မိသားစုကိုဆက်သွယ်ကာ ကိုထွန်းအောင်နိုင်ကို ဖမ်းထားကြောင်း ဆေးရုံမှာဆေးကုသမှုခံယူနေရကြောင်းဆက်သွယ်ပြောကြားခဲ့ပြီး နာရီ ပိုင်းအတွင်း ထပ်မံဆက်သွယ်ကာ ဇန်နဝါရီလ၁၆ရက်နေ့(မနေ့က) ညနေ၆နာရီမှာ ကတည်းကသေဆုံးသွားပြီဟု မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ မိတ်ဆွေတစ်ဦးကလည်း "သူက ဘာမှမလုပ်တဲ့သူ။ PDF တွေနဲ့လည်းအဆက်အသွယ်မရှိဘူး။ သာမာန်ပြည်သူတစ်ယောက်ကို ဘာဖြစ်လို့ ဖမ်းပြီး သတ်လိုက်လည်းမသိဘူး"ဟု ဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ၎င်းတို့မသင်္ကာသည့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မုံရွာမြို့ပေါ်တွင်လည်း စစ်ဆေးမှုများလုပ်ဆောင်နေကြောင်းသိရသည်။


Lu Nge Khit

မုံရွာမြို့ခံလူငယ်တစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် သေဆုံး မုံရွာမြို့ခံလူငယ်တစ်ဦး စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး နာရီပိုင်းအကြာတွင် သေဆုံး Reviewed by THITHTOOLWIN on 00:53 Rating: 5

No comments:

Powered by Blogger.