မုံရွာတွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းဖွင့်ပွဲအခမ်းအနား ပွဲပျက်ပြီးဆုံး၊ပေါက်ကွဲသံများနှင့်အတူ စစ်ကောင်စီတပ်သားများ ထွက်ပြေးရ
Photo-မုံရွာချင်းတွင်းရိုးမ /မုံရွာလူထုသပိတ်စစ်ကြောင်းဖြိုခွင်းသည့် စစ်ကောင်စီတပ်သားများ ပုံအဟောင်းဖြစ်သည်။ |
ဇန်နဝါရီ၁၄၊ချင်းတွင်းရိုးမ၊မုံရွာ
စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီမှဦးစီးကျင်းပသည့် လမ်းနှစ်လမ်းဖွင့်ပွဲအခမ်းအနား ဒီကနေ့မနက်အစောပိုင်းက ပွဲပျက်ပြီးဆုံးသွားကြောင်း တပ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်ထံမှ မုံရွာချင်းတွင်းရိုးမသတင်းဌာနမှ သိရသည်။
မုံရွာမြို့ အောင်သပြေလမ်းတွင် ယနေ့ဇန်နဝါရီ၁၄ရက်နေ့ မနက်၈နာရီဝန်းကျင်ခန့်က စစ်ကောင်စီအထက်အရာရှိပိုင်းများ လမ်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ နံနက်၉နာရီဝန်းကျင်ခန့်တွင် ပေါက်ကွဲသံကြား၍ ပွဲပျက်ပြီးဆုံးကာ စစ်ကောင်စီတပ်သားများ ထွက်ပြေးရတယ်လိူ့ ချင်းတွင်းရိုးမသတင်းရင်းမြစ်က ပြောသည်။
"သူတို့က ဒီမနက်၈နာရီဝန်းကျင်လောက်မှာရောက်လာတယ်၊ပြီးတော့ ၉နာရီလောက်လဲရောက်ရော လူကြီးတွေ မိန့်ခွန်းပြောမယ့်အချိန် ပေါက်ကွဲသံကြားလိုက်လို့ မိန့်ခွန်းတောင်မပြောရပဲ ထွက်ပြေးရတယ်၊လမ်းနှစ်လမ်းလုံးပွဲပျက်သွားတယ်၊ကျနော်တို့တောင် ထွက်ပြေးရတယ်ဗျာ၊ဘယ်ကမှန်းမသိဘူး ကွဲတာက"ဟု ဆိုသည်။
အောင်သပြေလမ်းနှင့်ပေ ၈၀လမ်း နှစ်လမ်းကို စစ်ကောင်စီမှ တစ်ချိန်တည်း ဖွင့်ပွဲကျင်းပရာ အောင်သပြေလမ်း ပေါက်ကွဲမှုကြောင့် ပေ ၈၀လမ်း ဖွင့်ပွဲအခမ်းအနားပါ ဖျက်သိမ်းရကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
ပေါက်ကွဲမှုကြောင့် အခမ်းအနားကို လာရောက်ဖွင့်လှစ်ပေးသည့် စစ်ကောင်စီအရာရှိကြီးများနှင့်စစ်ကောင်စီတပ်သားများပါ ထွက်ပြေးရကြောင်း သိရှိရပါတယ်။
Chindwin Yoma Media
No comments:
Post a Comment