မုံရွာရှိ ကမ္ဘောဇဘဏ်များ အနီးဝန်းကျင်သို့ သွားလာမှုရှောင်ကျဉ်ပေးရန် အသိပေး

ဓာတ်ပုံ- မုံရွာမြို့ရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခု

မုံရွာ၊ ဇန်နဝါရီ ၂၀

မုံရွာမြို့ရှိ KBZ ဘဏ်များ အနီးဝန်းကျင်သို့ ယနေ့မှစ၍ အသွားအလာ ရှောင်ကျဉ်ပေးရန် ဒေသအ‌ခြေစိုက် PDF ရှစ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။

မုံရွာမြို့ အခြေစိုက် PDFများ ဖြစ်သည့် Monywar Nightking, Monywar Hero Group, Monywar People Defense  Force (Thanmani), Monywar The boy, ACF Monywar, Law Ka Nat, Monywar Phoenix warrior နှင့် Monywar Ninja တို့က ပူးပေါင်းပြီး ပြည်သူများကို အသိပေးခဲ့ခြင်း ဖြစ်သည်။

"အကောင့်တွေ အရင်လိုက်ပိတ်တယ်။ အခုချိန်ထိဘဲ။ ပြည်သူ့ငွေတွေ စစ်ဘေးရှောင်တွေအတွက် ငွေတွေ ဆုံးရှုံးခဲ့ရတယ်။ KBZ bankကို အခုလို ထုတ်ပြန်ရတဲ့အကြောင်းအရင်းက ဒီဘဏ်က တော်လှန်ရေးသမားများ ရဲ့အလှူငွေလက်ခံထားတဲ့ kpay အကောင့်တွေကို ပိတ်ပင်မှု ပြုလုပ်နေတာကြောင့် ဖြစ်ပါတယ် "ဟု Monywar nightking အဖွဲ့ခေါင်းဆောင် Blackieက လူငယ့်ခေတ်ကို ပြောသည်။

အဆိုပါ အကောင့်ပိတ်သိမ်းမှုနှင့် ပတ်သက်၍  သတိပေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ တော်လှန်ရေးအရှိန်မြင့်နေသည့်အချိန်တွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများက လက်နက် လိုအပ်မှု အပြင် စစ်ဘေးရှောင်ပြည်သူများ၏ အရေးပါ စဉ်းစား ကူညီစောင့်ရှောက်နေရကြောင်း Monywar nightking အဖွဲ့ က ထောက်ပြသည်။

“ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့များ ယခုအချိန်ထိ ရပ်တည်နိုင်တာလည်း ပြည်သူများ၏ ကူညီပံ့ပိုးမှုကြောင့် ပါ။ ပြည်သူ့တော်လှန်ရေးဖြစ်တာနဲ့အညီ ပြည်သူလှူဒါန်းတဲ့ အလှူငွေ ၁ကျပ်ကအစ ကျနော်တို့တန်ဖိုးထားပါ တယ်။ ပြည်သူ့အလှူငွေဆုံးရှုံးရတာကလည်း ဒီတော်လှန်ရေးမှာ နှောင့်နှေးစေပါတယ်။ အခုကာလမှာ စစ်ဘေး ရှောင်ပြည်သူတွေအတွက် ပြည်သူအချင်းချင်းကူညီလှူဒါန်းနေတဲ့ အလှူငွေလက်ခံနေတဲ့ ကေပေးအကောင့် တွေ ပိတ်ခံရတာ များပါပြီ။ “ဟု ၎င်းက ရှင်းပြသည်။

ပြည်သူ့တော်လှန်ရေးတွင် ပြည်သူကို ထိခိုက် နစ်နာအောင် လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်းကိုမဆို တော်လှန်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း Monywar nightking အဖွဲ့ခေါင်းဆောင် Blackieက ပြောသည်။

မုံရွာအတွင်းရှိ KBZတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ဆက်လက်လုပ်ဆောင်နေမည်ဆိုပါ က အသက်ကို အာမခံမည် မဟုတ်ကြောင်း မုံရွာအခြေစိုက် PDFအဖွဲ့များက သတိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၆ရက်ကလည်း စစ်ကိုင်း မုံရွာမြို့ ကျောက္ကာ လမ်းရှိ kbzဘဏ်တွင် ဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအထိအခိုက်မရှိခဲ့ပါ။


Lu Nge Khit

မုံရွာရှိ ကမ္ဘောဇဘဏ်များ အနီးဝန်းကျင်သို့ သွားလာမှုရှောင်ကျဉ်ပေးရန် အသိပေး မုံရွာရှိ ကမ္ဘောဇဘဏ်များ အနီးဝန်းကျင်သို့ သွားလာမှုရှောင်ကျဉ်ပေးရန် အသိပေး Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.