ပြည်သူ့ကာကွယ်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်နေပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်း အသက်ဝင်နေသည့် ယောဒေသရှိပုံတောင်ပုံညာတောင်တွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏တပ်ဦးအလံကို လွှင့်ထူလိုက်သည်။
ယောဒေသ၏ အမှတ်သညာဖြစ်သော ပုံတောင်ပုံညာ တောင်တစ်နေရာတွင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၏တပ်ဦးအလံကို ဇန်နဝါရီ ၂၄ရက်က လွှင့်ထူခဲ့ခြင်းဖြစ်သည်။
ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ကျောနှင့် ထီးလင်းမြို့တို့ပါဝင်သောယောဒေသည်အကြမ်းဖက်စစ်ကောင်စီအား စနစ်တကျခုခံတော်လှန်တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်စ အကောင်အထည်ဖော်နေသည်။ယောဒေသအပါအဝင် မကွေးတိုင်းအတွင်း မြို့နယ်အချိူ့၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဟု စစ်ကောင်စီ၏ မကွေးတိုင်းနယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းမှုးက ဝန်ခံ ငြီးတွားထားသည့် အသံဖိုင် ယခုရက်ပိုင်းထွက်ပေါ်လာခဲ့သည်။
ယောဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားပြီး ဇန်နဝါရီ ၁၈ရက်က တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက သုတ်သင်နိုင်ခဲ့သည်။
People's Spring
No comments:
Post a Comment