စစ်တပ်ထုတ်ကုန်ရောင်းချသည့်ဆိုင်များအား စာရင်း စစ်တမ်းကောက်ယူခြင်း



ကြေညာချက်အမှတ် 

(၈/ ၂၁) ( ၂၆.၁.၂၀၂၂) 

စစ်တပ်ထုတ်ကုန်ရောင်းချသည့်ဆိုင်များအား စာရင်း စစ်တမ်းကောက်ယူခြင်း

- စစ်တပ်မှ အာဏာသိမ်းယူပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်၍ စစ်တပ်ပိုင်နှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများအား ရောင်းချခြင်း မပြုလုပ်ကြရန် အမျိုးအမျိုးသော မေတ္တာရပ်ခံချက်များ၊ကြေငြာချက်များဖြင့် အများပြည်သူများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

- သိုသော် လှိုင်သာယာမြို့နယ်အတွင်း Mytel simcad များ၊ My tel ငွေဖြည့်ကဒ်များ ရောင်းချနေသည့် ဖုန်းဆိုင်များ၊ မြန်မာဘီယာ၊ ဒဂုံဘီယာ ABCနှင့် Andaman Gold ရောင်းချနေသည့် အေးဂျင့်ဆိုင်များ၊  ယနေ့ချိန်အထိတွေ့မြင်နေရသည်မှာ တော်လှန်ရေးရဲဘော်များအား စော်ကားရာရောက်သည်ဟု မိမိတိုအနေဖြင့် သုံးသပ်မိပါသည်။

- သိုဖြစ်ပါ၍ လာမည့်ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်၍ Mytel simcard ငွေဖြည့်ကဒ် နှင့် မြန်မာဘီယာရောင်းချနေသည့် မည်သည့်စားသောက်ဆိုင်များကိုမဆို အကြမ်းဖက်စစ်တပ်အား အားပေးအားမြှောက်ပြုနေသူအဖြစ် မှတ်ယူ၍ မိမိတို့(HRDF)မှ စာရင်းကောက်ယူခြင်းများကို တိုးချဲ့ပြုလုပ်သွားမည်ဖြစ်ပြီး ထိရောက်စွာ အရေးယူမှုများလုပ်ဆောင်တော့မည်ဖြစ်ပါသည်။

- ထိုကြောင့် လှိုင်သာယာမြိုနေပြည်သူများအနေဖြင့် မိမိတိုပတ်ဝန်းကျင်ရှိ Mytel မြန်မာဘီယာနှင့် Andaman Gold ရောင်းချနေသည့် ဆိုင်များစာရင်းကို နေရာအတိအကျနှင့်တကွ သတင်းပေးပိုပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။


H. T. Y Region Defense Force -HRDF

စစ်တပ်ထုတ်ကုန်ရောင်းချသည့်ဆိုင်များအား စာရင်း စစ်တမ်းကောက်ယူခြင်း စစ်တပ်ထုတ်ကုန်ရောင်းချသည့်ဆိုင်များအား စာရင်း စစ်တမ်းကောက်ယူခြင်း Reviewed by THITHTOOLWIN on 19:27 Rating: 5

No comments:

Powered by Blogger.